မနက်ခင်းနေရောင်ခြည်နွေးနွေးလေးများနှင့်အတူ ငှက်ကလေးများ၏ တဆာ"အသံသည် မနက်ခင်းလေးကို ပိုလှပအောင် အားဖြည့်ပေးနေသယောင်
မထချင်သေးပါ ညကအိပ်ယာဝင်နောက်ကျသွားတာမို့ လူကနုံးနေသည် အိပ်ယာဝင်နောက်ကျလို့ စာတွေဖိလုပ်နေတာလားဆိုလြှင် မဟုတ်
နှစ်ကြိမ်မြှသာတွေ့ဖူးရုံနဲ့ ရင်ဘတ်ထဲက အကောင်ပေါက်ကအငြိမ်မနေသည့်အပြင် သူ့မက်ြနှာနဲ့ သူ့အသံတွေပါပြန်ကြားနေသေးသည်
တစ်ညလုံးစဉ်းစားနေတာမိုးလင်းခါနီမှာပင် အဖြေတစ်ခုကို ထုတ်လိုက်နိုင်သည်
ထွက်လာတဲ့အဖြေက
မျက်ဝန်းဝိုင်း"နှုတ်ခမ်းပါးတစ်စုံနဲ့လူကို
ချစ်မိနေတာတဲ့မြင်မြင်ချင်းအချစ်ဆိုတာကို ခများတို့ယုံမလားမသိပေမယ့် ကျွန်တော်ကတော့ နှုတ်ခမ်းပါးတစ်စုံကိုမြင်"ချင်းပင် စွဲလမ်းမိခဲ့သည်
စွဲလမ်းခြင်းရဲ့အဆုံးသတ်မှာ အချစ်ဆိုတဲ့ ခေါင်းစဉ်တစ်ခုကိုရသည် အဆုံးသတ်ကတော့ကြိုမသိနိုင်ညထဲကတွေးနေမိတဲ့သူ့အကြောင်း
မနက်ရောက်တဲ့ထိမပြီးသေးပေ
အချစ်ဆိုတာ ဒီလိုပါလားလို့ပြန်တွေးမိတော့
အခန်းပြာ"လေးထဲကကောင်လေးရဲ့ ပါးမို့မို့တွေ ရဲခနဲဆက်တွေးနေရင်ကျောင်းသွားရမည်မဟုတ်တာကြောင့် အတွေးစတို့ကိုလက်စသက်ကာ
ကျောင်းသွားဖို့ပြင်ဆင်ရန် မဖွင့်ချင်သေးတဲ့ မျက်လုံးအစုံကိုလက်ဖြင့်အသာပွတ်ကာ အိပ်ယာမှကုန်းရုန်းထ၍ ရေချိုးခန်းစီပြေးရသည်
အချိန်တွေသည်အတော်ပင်နောက်ကျနေသည်မဟုတ်ပါလား"သားရေ နေမကောင်းလို့လား ဒီနေ့အိပ်ယာထနောက်ကျနေလို့ မာမီလာနှိုးတာ"
"နေကောင်းတယ်မာမီ ရေချိုးနေလို့ သားလာခဲ့မယ်နော်"
"မြန်"ချိုးအုံး ဖျားမှာဆိုးလို့ မာမီ ဈေးသွားမှာမလို့ မနက်စာပြင်ထားခဲ့တယ် သေချာစားသွားနော်"
"ဟုတ်ကဲ့"
အရင်လိုရေကိုအချိန်ဆွဲပြီးချိုးလို့မဖြစ်တာကြောင့် လက်စသက်ကာ အဝတ်စားလဲ၍အောက်ထပ်သို့ပြေးဆင်းခဲ့သည်မှာ မလဲတာပင်ကံကောင်း
မနက်စာကိုပုံမှန်နေ့တွေလို ဇိမ်ဖြင့်ထိုင်မစားနဲ့
မာမီကြော်ပေးခဲ့သည့် ပေါင်မုန့်ကြက်ဥကြော်များကို ပါးစပ်ထဲအတင်းထိုးထည့်ကာ
နွးနို့ကိုအမြန်မော့ချလိုက်သည် ဘေးမှတင်ထားသည့်ရေဗူးကို ဆွဲယူကာ ကားစီးသိုအပြေးအလွှားဝင်ထိုင်လိုက်သည်
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "သိပ်ချစ်ခဲ့တာမို့ ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါ မောင်"