ခုတလော အုံ့မှိုင်းနေတဲ့ ကောင်းကင်က ဒီနေ့မှ ပို၍အုံ့မှိုင်းနေသယောင်။သိပ်မကြာပါ မိုးဖွဲလေးများ တဖွဲဖွဲကျဆင်းလာသည်။ကုတင် ပေါ်လှဲနေရင်း ပြတင်းပေါက်ရဲ့မှန်တံခါးသို့ရလာရောက်ရိုက်ခက်သော မိုးစက်လေးများကို ကြည့်နေရင်း ညက ကိုကိုပြောခဲ့တဲ့စကားကိုအခုမှ အမှတ်ရမိတယ်။
*မုန်းတိုင်းအသေးစားလေးရှိတယ်တဲ့*မုန်တိုင်းအသေးစားလေးဆိုပေမယ့် ဒီရက်ပိုင်း အမြဲအုံ့မှိုင်းနေပုံထောက်ရင် မိုးကတော့ တစ်နေကုန်လိုလိုရွာနိုင်ခြေရှိတာကြောင့် သက်ပြင်းဖွဖွချမိသည်။လက်လုပ်လက်စားဘဝ တွေက မိုးရွာရင် လုပ်ရကိုင်ရတာ သိပ်အဆင်မပြေဘူးလေ ကိုယ်တွေလို အရိပ်ထဲထိုင်ပြီးကျောင်းတတ်နေရတဲ့သူတွေမဟုတ်တော့ သူ့တို့ဘဝလေးကို စာနာမိတယ်။
ငေးရင်းတွေးရင်းနဲ့ မိုးကသည်းကြီးမဲကြီးရွာချလာတယ်.... ငယ်စဉ်ထဲက မိုးတွေရွာရင် ဘယ်ကိုလွမ်းလို့လွမ်းမှန်းမသိပဲ မိုးရွာတာလေးကို ထိုင်ကြည့်နေတတ်တဲ့ အကျင့်က ခုထိမပျောက်သေးတာကြောင့် ပြတင်းပေါက်နားသွားရပ်ကာ မှန်တံခါးကိုလာရောက်ကျီစယ်နေတဲ့ မိုးစက်လေးတွေကို လက်ညှိုးထိပ်လေးနဲ့အသာထိကြည့်မိသည်။
ကျောင်းသွားရမှာဖြစ်တာကြောင့် ငေးမောခြင်းအလုပ်ကိုရပ်တန့်ကာ ရေချိုးရန်ပြင်ရတော့သည်။ရာသီဥတုက အေးစိမ့်စိမ့်လေးဖြစ်နေပေမယ့် ရေမချိုးရရင်မနေနိုင်တဲ့သူဆိုတော့ ခပ်မြန်မြန်လေးပဲချိုးလိုက်သည်။ရေးချိုးပြီးဝတ်နေကျကျောင်းဝတ်စုံလေးကို ထုတ်ဝတ်လိုက်သည်။မာမီက အမြဲတမ်းသပ်သပ်ရပ်ရပ်ဖြစ်အောင် မီးပူတိုက်ကာ ပြင်ဆင်ပေးထားတာကြောင့် ကျောင်ဝတ်စုံဖြူဖူလေးနဲ့ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ကာ ကျေနပ်မိသည်။
*Park Jimin က perfect ပဲ အဟက်*
ကိုယ့်အတွေးကိုယ် ခပ်ဟဟရီကာ မနက်စာစားရန် အောက်ထပ်သို့ဆင်းလာလိုက်သည်။မာမီက မီးဖိုချောင်ထဲမှာ လှုပ်တုပ်လှုပ်တုပ်နဲ့ အလုပ်များနေသည့်ပုံ ကိုယ်လာတာတောင်သတိမထားမိ
"မာမီ သာရောက်ပြီ"
"နေအုံး နွားနို့နွှေးပေးမလို့ ခဏလေးနော်"
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "သိပ်ချစ်ခဲ့တာမို့ ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါ မောင်"