"ဂျွန် ဂျွန်!!!"
မျက်စိရှေ့၌ ဂျွန်ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် အလင်းရောင်ဖျော့ဖျော့လေးသည် မှိန်သည်ထက်မှိန်ကာ အခန်းတစ်ခုလုံး မူလအတိုင်းအမှောင်ဖုံးသွားပြန်သည်
တောင်းပန်ပါတယ် ကြောက်လို့ပါ အရမ်းကြောက်လို့ လာခေါ်ပေးပါဂျွန်ရယ် တဖန်ပြန်လင်းလာသောအလင်းရောင်ကြောင့် ဂျွန်များလားဆိုပြီးကြည့်လိုက်တော့ ဘယ်သူမှရှိမနေ
"ဂျွန် !"
"အဟက် ယောင်နေတာတောင် ဂျွန်ဆိုပဲ"
စကားပြောသံသဲ့"ကြောင့် မှိတ်ထားသည့်မျက်လုံးများကို အားယူကာ ဖွင့်ကြည့်လိုက်သည်
ဝါကျင်"မီးအလင်းရောင်ဖျော့"သည်အခန်းအတွင်းဖြာကျလျက် အေးစိမ့်"ရာသီဥတုကြောင့် ကြမ်းပြင်ထက်နေခဲ့ရသော ခန္ဓာကိုယ်သည်လိုသလိုမရွေ့လျားနိုင် လက်တစ်ဖက်ကို ကြမ်းပြင်ထက်ထောက်ချအားယူကာ ဘေးဘီကိုဝေ့ဝဲကြည့်လိုက်သည် ဖုန်အလိမ်းလိမ်းတက်နေသည့်ပစ္စည်းများနေရာယူထားသည့်အခန်းသည် စတိုခန်းဖြစ်ပုံရသည်ညာဘက်၌ရှေးဟောင်းဗီရို
ကြီးတစ်လုံးက အခန်းရဲ့သုံးပုံနှစ်ပုံကိုနေရာယူထားသည် စိတ်ဝင်တစားကြည့်နေတုန်း အငွေ့မျှင်မျှင်လေးများပျံ့လွင့်လာသည်
အနံ့ ထိုအနံ့သည် စီးကရက်နံ့
ထင်တာမမှားဘူးဆိုရင် ခုနကအငွေ့က ရတဲ့အနံ့ဖြစ်လိမ့်မည် မကြာပါ ဗီရိုနောက်နားကနေ တရွေ့"ပေါ်လာတဲ့အရိပ် စီးကရက်တစ်လိပ်ကို လက်ကြားညှပ်ကာ ဖြည်းဖြည်းချင်းလျှောက်လာသည် ဝါကျင်"မီးရောင်သည် အဝေးမှလျှောက်လာသည့်သူကို မခန့်မှန်းနိုင်လောက်အောင် မှိန်ဖျော့နေသည် နီးကပ်လာတဲ့အရိပ်နဲ့အတူ ကြောက်စိတ်တွေသည် ထိန်းမရခဲ့ ခန္ဓာကိုယ်လေးကို အခန်းရဲ့ထောင်းနားသို့ တဖြည်းဖြည်းတိုးကပ်သွားမိသည် နီးကပ်လွန်းလာသည့်ပုံရိပ်သည် ခုနကဖမ်းခေါ်ခဲ့သည့်သူလီဂျယ်ဆော့
ခုနကအသံကလီဂျယ်ဆော့စီကပေါ့
ဒါဆိုဂျွန် ဂျွန်ကရော အိမ်မက်လား စိတ်ထင်နေတာလား တကယ်လား ဝေခွဲရခက်စွာ အတွေးတွေနဲ့ခပ်ကြောင်ကြောင်ဖြစ်နေစဉ် ထပ်မံအသံပေးလာသည့်သူ
![](https://img.wattpad.com/cover/367685103-288-k732021.jpg)
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "သိပ်ချစ်ခဲ့တာမို့ ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါ မောင်"