ep - 17

79 4 2
                                    

"ကလေး ညကဖျားထားတာကို ကျောင်းမသွားနဲ့ဦးလေ"

"ကိုကိုရယ် စာမေးပွဲလဲ နီးပြီမို့ သွားပါရစေ ပြီးတော့ သက်သာနေပါပြီ"

"ပြောလို့ကိုမရဘူး hoseok နဲ့ပဲ ကိုက်တယ်"

"ဟီး ကိုကိုကလဲ"

ကိုကို့အပြောကို သဘောကျသွားတာကြောင့် ဟီးခနဲရီပြကာချွဲရတော့သည်။ကိုကို hoseok နဲ့ပဲကိုက်တယ်ဆိုတာ ကိုကိုကအလိုလိုက်သင့်တဲ့နေရာလိုက်ပြီး ချုပ်ချယ်သင့်တဲ့အရာဆို ချုပ်ချယ်တာကြောင့် ကိုကို့ကို ပြန်မပြောရဲ ။ကိုကိုကလေသံပျော့ပျော့လေးနဲ့ပြောရင် နဲ"တော့အနည်းငယ် ပြန်ကွန့်လိုက်ရမှ။လေသံလေးနဲ"မာရင်တော့ ဟုတ် တစ်လုံးထဲနဲ့ ပြီး‌သွားလေ့ရှိသည်။

"ကလေးသဘော ညနေလာကြိုမယ် ခုလဲလိုက်ပို့မယ်"

"အဲ့တာကြောင့် ချစ်နေရတာ ငယ်ငယ်ကရော ခုထိရောပဲ ကိုကိုသာမသိတာ"

အဲ့လိုလေးပြောတော့လဲစိတ်မကောင်း‌ ၊ ငယ်ငယ်ကဘယ်လောက်တောင် ခံစားခဲ့ရမလဲဆိုတဲ့အတွေးနဲ့ ဖြစ်ပြီးသားအတိတ်မှာ ကိုယ်ကမှန်ခဲ့သည်ဖြစ်‌စေ မှားခဲ့သည်ဖြစ်စေ အစပြန်မဖော်တော့ပဲ ဒီလိုအဆင်ပြေနေချိန်မှာပဲ အလိုလိုက်အကြိုက်ဆောင်ပြီး ပိုချစ်ပေးတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အရာရာကို ကလေးသဘောလိုက်ဖြည့်ဆည်းပေးလိုက်တော့တယ်။

" ကျောင်းနောက်ကျမယ် မြန်မြန်စား ကလေးလေး"

"ပြီးပြီ သွားရအောင် ကိုကို"

"အန်တီရေ ကျွန်တော် ကလေးကို လိုက်ပို့လိုက်အုံးမယ် အပြန်ကျရင်လဲ ကျွန်တော်ပဲ ဝင်ကြိုခဲ့မယ် စိတ်မပူနဲ့အုံးနော်"

"ဪ အေးအေးသားရေ ကျေးဇူးကွယ် ဒီအဆိုးလေးက ကျောင်းမသွားပါနဲ့ဆို တားလို့ကိုမရဘူး"

မီးဖိုထဲကနေ ဟင်းချက်‌လက်စဇွန်းကြီးကိုင်ပြီးထွက်လာတဲ့မေမေက ကျွန်တော့ဆံပင်တွေကို ဆွဲဖွပြီး ရွှတ်နောက်နောက်စကားဆိုတယ်။ဒီမနက်က သိပ်လှတာပဲ ကိုကိုနဲ့လဲ ပြန်အဆင်ပြေပြီဆိုတော့ ဒီအပြာရောင်ရပ်ဝန်းမှာ လုံးဝပျော်ရွှင်စရာ။ဒီလိုမျိုးနေ့ရက်‌တွေပဲ အမြဲဆို ဘယ်လောက်တောင် ကောင်းမလဲ ဂျွန်ပါရင် ပိုတောင်ကောင်းအုံးမှာ။
အဟက် ပါလာပြန်ပြီ ဂျွန်ဆိုတဲ့လူသားက။ထမင်းစားလဲ ဂျွန်။ရေသောက်လဲ ဂျွန်။ဘာလေးလုပ်လုပ် ဂျွန်ဆိုတဲ့ နာမ်စားနဲ့လူက အတွေးထဲနေရာအပြည့်ပဲ။

အချစ်ရှိရာWhere stories live. Discover now