"ဟင်"
"minie ကကုတင်ပေါ်မအိပ်ပဲ စားပွဲပေါ်မှောက်ယက်ကြီး ဘာလို့အိပ်နေရတာလဲမသိဘူး"
တွေးစစနှင့်ပြောလာတဲ့ ထယ်ကြောင့် ရယ်သံသွေးကာ
"ကျောင်းမှာလဲမတွေ့ ပြန်ရောက်တော့လဲအိပ်နေတော့ ဒီနေ့သွား date ခဲ့လို့များလား"
"နောက်မနေနဲ့ ဂျွန်"
"စတာပါ ထယ်ရဲ့"
"ဂျီမင် ထလေ ကုတင်ပေါ်အိပ်မှပေါ့"
"အင်း"
အင်းတစ်လုံးသားဆို၍ စာကြည့်စားပွဲပေါ်မှ ထသွားသူသည် မျက်နှာသေဖြင့်
မျက်နှာသည်ရဲနေကာနှုတ်ခမ်းအရောင်တို့သည် ဖြူဖျော့လျက် ယိုင်နဲ့"ခြေလှမ်းတွေနှင့်ကုတင်ပေါ်တက်သွားကာ စောင်တွေထဲ တိုးဝင်သွားသည့်ကိုယ်ထည်သည်ခပ်ကွေး"
ထိုမြင်ကွင်းကြောင့်ဘဂျီမင့်အိမ်ကိုတစ်ခါလိုက်သွားတုန်းကာ ဂျီမင်အမေပြောခဲ့သည့်စကားကိုပြန်ကြားယောင်လာသည်"သားလေးက စိတ်ခံစားလွယ်တယ်
တစ်ခုခုကို ဝမ်းနည်းရင် သူများတွေကိုလဲ မသိစေချင်ဘူး တစ်ယောက်ထဲ စောင်ပုံထဲ ကွေးကွေးလေးနေပြီး ငိုနေတတ်တာ"စောင်ပုံထဲကွေးကွေးလေးဝင်သွားတာ
ဧကန်န ဝမ်းနည်းစရာများရှိလို့လား
ငိုနေလောက်လား ဘာလုပ်ပေးရမှာလဲ
အတွေးတွေများနေတုန်း ဆွဲခေါ်ခြင်းခံလိုက်ရတဲ့
လက်တစ်စုံဟာ ဖျတ်ခနဲ"ဘာလို့လဲ ထယ် ဘာဖြစ်လို့လဲ"
"ဗိုက် ဗိုက်အောင့်လာလို့ လုပ်ပါအုံး"
အခန်းရှေ့မှရယ်မောသံတွေကြားတာကြောင့်
ကုတင်ပေါ်တက်ရန်ခြေလှမ်းခါနီး တံခါးက ဖျတ်ခနဲပွင့်လာသည် အချိန်သည်မမှီတော့
မျက်နှာချင်းလဲမဆိုင်ချင်သေးတာကြောင့်
ရေးလက်စ စာအုပ်လေးပေါ်ခေါင်းမှောက်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်မကြာပါ နာမည်ခေါ်ကာ နှိုးလာတဲ့
ချစ်ရသူကြောင့် အိပ်ချင်နေတဲ့ရုပ်ဖြင့် ကုတင်ပေါ်တက်ရန် အထ ခြေထောက်တွေသည်အားမရှိ အားတင်းကာ ယိုင်နဲ့"ခြေလှမ်းတွေဖြင့် ကုတင်ပေါ်တက်ကာ အကျင့်အတိုင်းစောင်ပုံထဲ ဝင်ခွေပြီး ဘာတွေများပြောကြမလဲ နားစွင့်နေတုန်း ယောင်းရဲ့ ဗိုက်အောင့်တယ်ဆိုတဲ့စကားကြောင့် ထချင်သော်လဲ မျက်လုံးတွေသည် ရီဝေဝေနှင့် ဖွင့်မရခဲ့
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "သိပ်ချစ်ခဲ့တာမို့ ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါ မောင်"