"ပေါက်စ ပေါက်စ!!"
"ဪ အွန်း ပြောလေစီနီယာ"
"ဘာတွေတွေးနေတာလဲ ခေါ်တာကြာနေပြီကို"
"အာ..... ဒီတိုင်းအတွေးလွန်နေလို့ပါ"
"Jungkook အကြောင်းပဲလား"
ဘယ်လိုသိလဲဆိုတဲ့မျက်ဝန်းလေးတွေနဲ့ မော့ကြည့်လာတဲ့ ပေါက်စက အကြည့်လေးတစ်ချက်နဲ့တင် သိပ်ပြုစားနိုင်လွန်းတယ် မိုနာလီဆာအလှကိုမှီတဲ့သူမရှိဘူးဆိုတာ ဒီပေါက်စကိုမတွေ့ဘူးသေးတဲ့သူတွေပြောတာနေမယ် မတွေ့ဘူးရင်ပိုအဆင်ပြေတာပေါ့ ဖြစ်နိုင်ရင် ဘယ်သူမှမမြင်တဲ့နေရာမှာ ဖွက်ထားချင်တာ သိပ်ပြုစားနိုင်တဲ့ အလှတရားရယ်ပါ
"ကိုယ်သိတာပေါ့ ကိုယ်ကချစ်နေရတဲ့သူလေ အရိပ်တကြည့်"နေခဲ့ရတော့ ပေါက်စကပါးစပ်ဟလိုက်တာနဲ့ ဘာပြောချင်လဲ ဘာကိုဆိုလိုလဲတန်းသိနေတာ"
"တောင်းပန်ပါတယ် ပြီးတော့ ဒီကိစ္စကို ဘယ်သူကိုမှ မသိစေချင်လို့..."
"စိတ်ချပါ ကိုယ်ကအဲ့လိုလူမျိုးမဟုတ်ပါဘူး"
"ကျေးဇူးတင်ပါတယ် စီနီယာ"
"မလိုတာကိုပေါက်စရာ "
ကျောင်းသွားဖို့မနက်တိုင်းတက်ကြွနေခဲ့ပေမယ့်
မနက်ကတော့ ကျောင်းသွားချင်စိတ်လဲရှိမနေ
လူတွေနဲ့လဲစကားမပြောချင်တာကြောင့် မသွားဘူးလို့တွေးထားပေမယ့် အရေးကြီးတဲ့ အတန်းချိန်ရယ် ဖျော်ဖြေရေးအတွက် လေ့ကျင့်ရမှာရယ် ကြောင့် မထချင်ထချင်နဲ့ထကာ မနက်စာလဲ ဘာပြင်ပေးထားမှန်းမသိ ပါးစပ်ထဲကောက်ထည့်ကာ ကျောင်းသို့လာခဲ့သည်
မကြည်မလင်စိတ်အခြေနေမို့ ပတ်ဝန်းကျင်ကို
ဂရုမစိုက်ပဲ ရှေ့တည့်"ကြည့်ပြီးလျှောက်လာတာ
ကျွန်တော်တို့အတန်းခေါင်းဆောင်စီနီယာခေါ်နေတာကိုပင်မကြားမိ အနားလာကာ ခေါ်တော့မှသတိထားမိတော့တယ်
သူပြောလာတဲ့စကားကြောင့်
ငါအဲ့လောက်တောင်သိသာသွားတာလားဆိုတဲ့အတွေးက ခေါင်းထဲသို့ရောက်လာရပြန်သည်
သိတော့ကော ဟုတ်နေတာပဲကို ငြင်းမနေတော့ပါဘူးဆိုကာ ဘယ်သူမှမပြောရန်နှုတ်ပိတ်ကာ နှစ်ယောက်သားအတန်းထဲသို့အတူဝင်ခဲ့တော့သည်
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "သိပ်ချစ်ခဲ့တာမို့ ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါ မောင်"