ep - 6

78 4 0
                                    

ကျေးငှက်လေးများ၏ တဆာဆာအသံနှင့်အတူနိုးထလာခဲ့သောမနက်ခင်းတွေထဲ ဒီနေ့ဟာအလှပဆုံးနေ့ရက်လေးဖြစ်လိမ့်မယ် ဘာကြောင့်လဲလို့မေးရင် ညကအိမ်မက်ထဲကို ချစ်ရတဲ့သူလေးရောက်လာတာကြောင့်ရယ် မနေ့က လူစွမ်းကောင်းလုပ်ပြီး ကူညီခဲ့တာကိုပြန်တွေးပြီး တစ်ယောက်ထဲ အပျော်ကြီးပျော်ပြီး အရူးရင့်မိနေတာကြောင့်ရယ် ချစ်ရသူအကြောင်းတွေးနေမိတဲ့ ဒီနေ့ရဲ့မနက်ခင်းလေးက သိပ်လှနေသည်
မျက်နှာလေးကိုလဲ မြင်ချင်လှပြီမို့ ကျောင်းသွားရန်ပြင်ဆင်ကာ မနက်စာကိုပင်မစားခဲ့ မဆာလို့ပါဆိုပြီး ကျောင်းသို့အပြေးထွက်လာခဲ့သည်
ကျောင်းဝင်းတွင်းခြေချစဉ် မြင်လိုက်ရတဲ့ မြင်ကွင်းသည် ခုနကသိပ်လှပါတယ်လို့ပြောခဲ့တဲ့စကားကို ပြောချင်ဦးလေဆိုပြီး ဟားတိုက်နေသယောင်

နမ်းနေတာလား?
မဟုတ်လောက်ပါဘူးလို့ထင်ရအောင်လဲ
ယောင်းရဲ့ခေါင်းကိုလက်တစ်ဖက်နဲ့ထိမ်းပြီး မေးစေ့ကိုလဲ ကျန်လက်တစ်ဖက်ကကိုင်ထားသေးသည် နီးကပ်တာထက်ပိုသောလူနစ်ဦးဟာ သေချာပေါက် နမ်းနေတယ်လို့ထင်ရန် အခြားအကြောင်းရင်းမရှိ လွမ်းလိုက်တာလို့ပြောတာတောင် ခံနိုင်ရည်မရှိခဲ့တာ ခုလိုနမ်းပြနေတော့ သေရုံပေါ့ အရှင်ရယ် ဆက်ကြည့်နိုင်စွမ်းမရှိတာကြောင့် ပြန်လှည့်ထွက်မည်အပြု အလိုက်မသိတဲ့ ချစ်ရသူက လှမ်းခေါ်လာပြန်သည်

"ဂျီမင် လာလေ ဘာလုပ်နေတာလဲ"

"ဪ အင်းလာပြီ"

အရှင်ကလာဆိုတော့လဲ လာရုံပေါ့ငြင်းဖို့အတွက် ခွန်အားမှမရှိတာ

"အားး ငါ့ minieလေး အရမ်းလွမ်းနေတာ မတွေ့ရတာကြာလို့နဲ့တူတယ် ပိုချစ်ဖို့ကောင်းလာတာပဲ"

"ငါလဲ အများကြီးလွမ်းနေတာ "

ပြောလဲပြောဖက်လိုက်တာကြောင့် ဂျောင်ကုတစ်ယောက် ကလေးဆန်လိုက်တာဆိုတဲ့ ရေရွတ်သံလေးကြားမိလိုက်သေးသည်

"နေမကောင်းဖြစ်သေးလား "

"မဖြစ်ပါဘူး မင်းမှာထားတာပဲ ငါဂရုစိုက်ပါတယ်"

"နောက်မှအလွမ်းသယ်ကွာ ထယ် မနက်စာမစားရသေးဘူး"

"ဟုတ်လား ယောင်း"

အချစ်ရှိရာWhere stories live. Discover now