"မင် မင်ရေ ဒီမှာ "
"ဪ ဟျောင်း"
"တောင်းပန်ပါတယ် မနေ့က ဆေရုံကပြန်လာတော့ အိမ်ကဖုန်းလှမ်းဆက်လို့ သွားလိုက်ရတာပြန်ရောက်တော့ ညနေစောင်းနေပြီ အဲ့တာနဲ့ဟျောင်းလဲ ပင်ပန်းပြီး အိပ်ပျော်သွားတာ မလာဖြစ်လိုက်ဘူး တစ်ကယ်တောင်းပန်တယ်နော်"
ကျောင်းဝန်းထဲသို့ခြေထောက်ချလိုက်သည်နှင့်
ဘယ်ချိန်ထဲကစောင့်နေမှန်းမသိတဲ့ဟျောင်းက
လက်လေးကာပြ၍ အပြေးလာကာ အစကအဆုံး တစ်သီတစ်သန်းကြီး ရှင်းပြနေတာကြောင့် အားနာစိတ်တို့ကဝင်လာပြန်သည် အမှန်ဆို ကိုယ်နဲ့သူရဲ့ဆက်ဆံရေးကထင်သလောက်မရင်းနှီးတဲ့ဆက်ဆံရေးမို့ ဒီလောက်ထိ ရှင်းပြနေစရာမလို ဆေးရုံစတက်ထဲက သူ့လက်သူ့ခြေအစအဆုံးတာဝန်ယူပေးနေတာနဲ့တင် အားနာလှချေပြီ"တောင်းပန်စရာမဟုတ်တာကို ဟျောင်းရာ
အစအဆုံးတာဝန်ယူပေးတာနဲ့တင်ကို ဒီမှာအတော်ကို အားနာနေရတာ""အားနာစရာမှမလိုတာကိုကွာ ခြေထောက်ရော သက်သာရဲ့လား"
"ညကတော့ အနာရှိန်ကြောင့် ဖျားသေးတယ် ခုတော့ အနာသက်သာပါပြီ ဖျားတာတော့မဖျားတော့ဘူး"
"ကိုယ့်မှာ စိတ်ပူနေရတာ"
မျက်လုံးများကိုတည့်"ကြည့်ကာ ဝမ်းနည်းရိပ်သန်းနေတဲ့မျပ်ဝန်းများနှင့်ခပ်လေး"စကားဆိုလာတဲ့ဟျောင်းကြောင့် ရင်ထဲမှာ တစ်မျိုးတော့ဖြစ်သွားသေးသည် ဘယ်လိုခံစားချက်လဲတော့ ကိုယ်တိုင်ပင်သေချာမသိ စိတ်ရှုပ်တာလား စိတ်လှုပ်ရှားတာလားဆိုတာကို ရေရေရာရာမသိ ဝေခွဲရခက်လှသည် ဟျောင်းပြောစရာရှိတယ်ဆိုတာကြောင့် သေချာဂရုတစ်စိုက်နားထောင်နေတုန်း နောက်ကျောမှခေါ်သံကြောင့် ချက်ချင်းပက် အသံလာရာစီပြေးထွက်ခဲ့မိသည်
"ဟျောင်း မင့်ကို ပြောစရာရှိတယ်"
ကိုယ့်ဘက်ကအရေးမသာဘူးဆိုတာလဲသိတယ် ကိုယ့်ကိုယ် မချစ်မှန်းလဲသိတယ် နောက်ဆုံးချိန်ထိ မရွေးချယ်ဘူးဆိုတာလဲသိတယ် ဘယ်သူ့ကိုချစ်နေတာပါဆိုတာကို ထုတ်မပြောရင်တောင် သိနေတဲ့အခြေနေမှာ ဒီစကားကိုပြောဖို့အတွက် အချိန်တွေအများကြီးပေးပြီး စဉ်းစားခဲ့ရတာ နောက်ဆုံး စိတ်ဒုန်း"ချကာ ပြောလိုက်တော့မည်ဟုဆုံးဖြတ်ချက်ချ၍ စကားစလိုက်ခြင်းကို တစ်ဖက်ကကောင်လေးက စိတ်ဝင်စားဟန်နားထောင်နေလေရဲ့ အကြည့်လေးတွေကအသ သိပ်ကိုရူးသွတ်ချင်စရာပါပဲလား မင်ရယ်
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "သိပ်ချစ်ခဲ့တာမို့ ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါ မောင်"