ep - 22

239 11 2
                                    

"ရေမြန်မြန်ချိုး minnie မိုးမရွာခင် strawberry သီးသွားခူးရအောင်လို့"

"နှစ်ယောက်ထဲပဲသွားမလား"

"jeon ကို‌ေတာ့ခေါ်ခဲ့မယ် ဟိုလူကြီးကိုထားခဲ့"

နှုတ်ခမ်းတထော်ထော်နဲ့ ပြောနေသည့်ယောင်းသည် yoongi hyung ကို အတော်သဘောမကျသည့်ဟန်။

"အင်းပါ ရေချိုးတော့မယ် ယောင်းလဲချိုးတော့"

"သွားပြီ ခဏနေလာခေါ်မယ် အဆင်သင့်ပြင်ထား"

ယောင်းသည် ပြောစရာရှိသည်ကို ပြောကာ သူ့အခန်းဘက်အမြန်ကူးသွားသည်။တော်တော်တက်ကြွနေတဲ့ယောင်းပါလေ တက်ကြွမှာပေါ့ စတော်ဘယ်ရီသိပ်ကြိုက်တာကို။ရေမြန်မြန်ချိုးဆိုတဲ့ ယောင်းရဲ့ အမှာစကားကြောင့် ရေချိုးခန်းထဲပြေးဝင်ကာ ရေချိုးခြင်းအမှုကိုပြုရတော့သည်။ကိုယ်ကရေချိုးရင်ကြာတက်တဲ့သူမို့ ခပ်မြန်မြန်ချိုးရသည့်အလုပ်သည့်မလွယ်ကူ။ရေချိုးတာတောင် ဘယ်ကဘယ်လိုစလုပ်ရမှန်းမသိ။‌ေရလဲစိမ် မန‌ေတာ့ဘူးမဟုတ်ရင်ကြာ‌ေနမှာ အဲ့တာ‌ေြကာင့်ရေပန်းအောက်ခဏဝင်ကာ ဆပ်ပြာတိုက်သည်။ဆပ်ပြာတိုက်ပြီး ရေပန်းအောက်ပြန်ဝင်ကာ ရေချိုးခြင်းကို လက်စသက်လိုက်သည်။စင်ပေါ်တင်ထားသည့် တဘက်တစ်ထည်ကိုဆွဲယူကာ ခါးအောက်ပိုင်းကိုစည်း၍ အခန်းပြင်ထွက်တော့ ကုတင်ပေါ်တက်ထိုင်နေတဲ့ ဂျွန်နှင့်တိုးသည်။ဂျွန့်ပုံစံသည် တစ်ခုခုကိုအံ့ဩနေသည့်ပုံ မျက်လုံးလေးပြူးကာ လည်စလုပ်လေးမှာ အထက်အောက်ရွေ့နေသေးသည်။

"ဘာဖြစ်လို့လဲ Jungkook "

"Jungkook Jungkook!"

"ဟမ် ဟင် ဟင်"

"ဘာဖြစ်နေတာလဲလို့ ခေါ်မကြား အော်မကြားန‌ဲ့"

"ဂလု!"

ခါးအောက်ပိုင်းကို သဘက်တစ်ထည်ပတ်ကာ အပေါ်ပိုင်းဗလာကျင်းနေတဲ့ ပုံစံနဲ့ထွက်လာတဲ့ Jimin ‌ေြကာင့် စတွေးပင်မြိုချမိသည်အထိ။ရေစိုနေသောဆံသားတို့ထက်မှ ‌စီးကျလာသောရေစက်လေးတွေသည် Park Jimin ရဲ့ ဗိုက်သားချပ်ချပ်ပေါ်တွင် တစ်တောက်တောက်စီးကျနေသည်။ပြားချပ်ချပ်ဗိုက်သားသည် ဖြူစွတ်ဝင်းမွတ်ကာ ခါးသွယ်သွယ်သည် ထင်းကနဲလင်းကနဲ။ရည်းစားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘယ်ယောက်ျားမှ စည်းမစောင့်နိုင် လှတာလေးတွေ့ရင်တော့ ငေးမိကြတာပဲ။jeon Jungkook သည်လဲ ယောက်ျားထဲက ယောက်ျားပဲလေ ငေးမိတာ ဆန်းသလား။

အချစ်ရှိရာWhere stories live. Discover now