ep - 3

122 6 0
                                    


"Jungkook စောင့်နေတာကြာပြီလား ယောင်း မရောက်သေးဘူးလားမနက်ကလဲ ငါ့စီရောက်မလာဘူး"

"စကားများတတ်လာပြီပဲ "

"မသိလို့မေးတာကို မဖြေလဲနေခဲ့တော့သွားပြီ"

"ဟိတ် စောင့်ပါအုံးကွာ ငါကစတာပါ သေးသေးလေးက စိတ်ဆိုးရလား"

"ဘာသေးသေးလေးလဲ စိတ်လဲမဆိုးဘူး
သွား"

ပုခုံးပေါ်က လက်တွေကို အတင်းတွန်းချက နှုတ်ခမ်းတထော်ထော်နဲ့ရန်စွာနေတဲ့သူက စိတ်မဆိုးပါဘူးတဲ့ လူယုံအောင်ကိုမပြောဘူး

တကယ်တော့ စိတ်မဆိုးပါဘူး ပုခုံးပေါ်က လက်တွေကိုတွန်းချနေတာလဲ ဖက်ထားတာဆိုတော့အရမ်းနီးကပ်နေတာကြောင့် ရင်ဘတ်ထဲက အသံတွေကိုကြားသွားမှာဆိုးလို့

"စိတ်မဆိုးပါနဲ့ဗျာ သေးသေးလေးရဲ့ ယောင်းက သူ့အဘွားမသက်သာလို့ ဆေးရုံတင်ရတယ်တဲ့ အဲ့တာ ဒယ်ဂူကိုပြန်သွားရပြန်တယ်"

"ဪ အရေးကြီးလို့နဲ့တူတယ် ငါ့ကိုမပြောသွားဘူး"

"အတန်းထဲသွားမလား ကန်တင်းသွားမလား"

"အတန်းထဲပဲသွားတာပေါ့"

"Park Jimin 1 နဲ့ Park Jimin 2 တွေ့ရတာဝမ်းသာပါတယ်"

အတန်းထဲသို့ဝင်မည်အပြုအပေါက်ဝမှာတွေ့တဲ့သူက စနောက်သွားခြင်းပင် သူတို့စလဲ စချင်စရာပါပဲ ယောင်းကလွဲလို့ နှစ်ယောက်လုံးမှာ တခြားအပေါင်းအသင်းမရှိ
ပုခုံးဖက်ကာအတူဝင်လာလို့ စနောက်သွားခြင်းကိုဘာတုန့်ပြန်မှူမှမပေး တစ်ချက်သာကြည့်ပြီး နှစ်ယောက်လုံးခုံတွင်ဝင်ထိုင်လိုက်သည်

"ရော့ မာမီလက်ရာ အရမ်းကောင်းတယ်"

ထိုင်"ခြင်း သူ့လက်ထဲသို့ ဟမ်ဘာဂါတစ်ခုထည့်ပေးပြီး ကောင်းတယ်လို့ပြောနေတာကြောင့် မငြင်းပဲ ယူထားလိုက်သည်ကို သဘောမကျသည့်သူက ဆူပုတ်"ဖြင့်

"စားဖို့ပေးတာကို စားလေ"

"ခုစားရမှာလား"

ဆူပုတ်"နဲ့ခေါင်းငြိမ့်ပြတဲ့ နှလုံးသားရဲ့ အရှင်သခင် အခုစားဆိုတော့လဲ ကျွန်တော်မငြင်းခဲ့ ချက်ချင်းပင်း အရှင့်အလိုကျဆောင်ရွက်ပေးလိုက်သည် သေဆိုသေ ရှင်ဆိုရှင်မယ့်ကောင်ကို အမိန့်ဆန်"စကားတွေမပြောလဲ အနိုင်ယူနိုင်ပါတယ်
ဂျွန်ရယ်

အချစ်ရှိရာWhere stories live. Discover now