ep - 23

201 7 7
                                    

"မာမီ မာမီ!"

"ဟဲ့ သားကြီး ဘာဖြစ်လို့လဲ အလန့်တကြား"

ကားရပ်ရပ်ချင်း အိမ်ထဲသို့ အလန့်တကြားနှင့်အမောတကောပြေးဝင်လာသော သားဖြစ်သူကြောင့် ရင်ထဲထိတ်ကနဲ။ဘာတွေများအရေးကြီးလာလို့လဲမသိ ဂျူတီကုတ်တလွှားလွှားနဲ့ ပြန်ပြေးလာတာ။နားကြပ်နှင့် အိတ်ကတစ်ဖက် စာရွက်စာတမ်းတွေကတစ်ဖက်နှင့် တစ်ကိုယ်လုံးကို ရှုပ်ရှပ်ခက်နေသည့် သားဖြစ်သူကြောင့် ‌မနေနိုင်စွာ ကူသယ်ပေးလိုက်ရသေးသည်။

"ငယ်လေး အရင်တစ်ခါဆေးရုံတက်တုန်းက နှလုံးကို EGCဆွဲထားတာ အဖြေထွက်လာပြီ"

"ဟုတ်လား မာမီ့ကို အ‌‌ခြ‌ေန‌ေလးပြောပါအုံး"

"ငယ်လေးရဲ့နှလုံးမှာ အပေါက်လေးတွေ့တယ် တဖြည်းဖြည်းအနာဖြစ်လာနိုင်တယ် အသက်ရှူကြပ်လာမယ် အလိုလိုနေရင်း မောလာတာမျိုးဖြစ်နိုင်တယ်အခြေနေ‌ေတွက ပိုဆိုးလာဖို့ပဲရှိတယ်"

"အဲ့တာဆို မာမီတို့ ဘာဆက်လုပ်ရမလဲ ကလေးလေးကိုဘယ်လိုလုပ်ပေးရမလဲ အလှူရှင်ကလဲပေါ်မလာသေးဘူးလေ"

"နှလုံးက စက်အရင်တပ်ထားမှရမယ် ဒါပေမယ့် အသက်အန္တရာယ်ကိုအာမခံလို့ မရဘူး မာမီ ဒီကြားထဲ တစ်ခုခုလွဲချော်သွားခဲ့ရင်..."

"အို အဲ့လိုမပြောပါနဲ့ အဆင်ပြေမှာ သားတို့ ဒယ်ဒီပြန်လာရင် ပြောပြပြီး အမြန်ဆုံးစီစဉ်ရမယ်"

"ငယ်လေးကို မပြောနဲ့အုံးနော် စိတ်မကောင်းဖြစ်နေအုံးမယ်"

"မာမီ စိတ်တွေ ညစ်လိုက်တာ သားရယ် "

"အဆင်ပြေသွားမှာပါ သားတို့ကျော်ဖြတ်နိုင်မှာပါ"

မာမီလဲ စိတ်ညစ်ရောပေါ့ ။ငယ်လေးကို ဟိုးငယ်ငယ်လေးထဲက ကုဖို့စီစဉ်ခဲ့ပေမယ့် ဆရာဝန်ကြီးတွေက အသက်ငယ်သေးတဲ့အတွက် ခွဲစိတ်လို့အဆင်မပြေဘူးဆိုတာကြောင့် စောင့်ရင်းဒီအခြေနေထိရောက်လာခဲ့တာ။ခွဲစိတ်လို့မရတာ‌ေြကာင့် သောက်ဆေး ထိုးဆေးတွေကူရင်း 18နှစ်လုံးလုံး ဖြတ်သန်းခဲ့တာ။ဆေးတွေသည် သောက်တိုင်းမကောင်း ။18နှစ်တာ ဆေးပေါင်းစုံနဲ့ဖြတ်သန်းနေခဲ့တဲ့ Jimin ရဲ့ ခန္ဓာကိုယ်အတွင်း ထိခိုက်မှုတွေ ရှိလာပြီ။ကျောက်ကပ်သည် အဆိုးဆုံး ချို့ယွင်းပျက်စီးနေပြီ။

You've reached the end of published parts.

⏰ Last updated: Jun 26 ⏰

Add this story to your Library to get notified about new parts!

အချစ်ရှိရာWhere stories live. Discover now