ep - 21

115 4 2
                                    

ချစ်ရတဲ့သူပျော်နေတာတွေ့ရင် ကိုယ်ပါနာနာကျင်ကျင်ပြုံးမိနေတာ။အချစ်ကပဲ ဆန်းကြယ်သလား ကိုယ်ကပဲဆန်းကြယ်နေသလားပဲ။ဒါမှမဟုတ် Park Jimin မျက်နှာ တစ်ကမ္ဘာမို့လို့ပဲလား။ကိုယ်ရဲ့ပြိုင်ဘက်လို့ဆိုလို့ရတဲ့ jeon Jungkook ဆိုတဲ့ဂျူနီယာလေးပခုံးပေါ်မှာ မျက်ဝန်း‌ကျဉ်းကျဉ်းလေးတွေကို အလုံးစုံမှိတ်ချထားပြီး ပြုံးနေတဲ့ကောင်လေးကိုကြည့်ပြီး ကိုယ်ပါလိုက်ပြုံးမိနေတာ။park Jimin ဆိုတဲ့ကောင်လေးက ကျွန်တော့လိုလူအေးကြီးကို အဲ့သလောက်ထိ စွမ်းဆောင်နိုင်လွန်းပါတယ်။သူပျော်နေတာလေးပဲတွေ့နေရရင်ကျေနပ်ပါတယ်။အချစ်က ကျွန်တော့်အတွက် ရယူခြင်းမှမဟုတ်ဘဲ။ငေးကြည့်ရုံနဲ့ လုံလောက်ခဲ့ပါတယ်။

"minnie အိပ်ပျော်သွားတာလား ဒီမှာမုန့်ကျွေးမလို့ကို"

"နိုးလာမှပဲကျွေးလိုက်တော့လေ သူနေမကောင်းတဲ့ပုံပဲ နားပါစေ"

ပခုံးပေါ်မှီအိပ်နေတဲ့ Jimin ရဲ့ဆံပင်တွေကို တစ်ချောင်းခြင်းစီသပ်တင်ပေးနေတဲ့ jeon မျက်ဝန်းထဲမှာ နူးညံ့ခြင်းတွေအပြည့်။စိုးရိမ်နေတဲ့အတွေးတွေက တစ်ကယ်ပဲမှန်လာခဲ့တာလား?တစ်ကယ်ပဲဆိုရင်တောင် ငါကနောက်ဆုတ်ပေးမယ့်သူပါ။ငါ့ဘဝမှာ အစားထိုးမရတဲ့ နှစ်ယောက်မိုလို့ မင်းတိူ့နှစ်ယောက်ပျော်မယ့်လမ်းကို ရွေးချယ်ခွင့်ရှိပါတယ်။အဲ့လမ်းထဲမှာ ငါကိုယ်တိုင်ပျော်ပျော်ရွှင်ရွှင်လျှောက်လှမ်းပေးလို့ပါရတယ်။ငါအဲ့သလောက်ထိ မင်းတို့ကိုချစ်တာ။

ဆိုးလ်မြို့ကနေထွက်ခွာလာတဲ့ ကားလေးက တရွေ့ရွေ့နဲ့ ဘူဆန်မြို့အဝင်ကို ဝင်ရောက်လို့လာချေပြီ။ပခုံးပေါ်မှီအိပ်နေတဲ့ကောင်လေးဟာလဲလှုပ်လှုပ်ရွရွနဲ့နိုးထလာပြီ။‌လက်သေးသေးလေးတွေနဲ့မျက်လုံးတွေကိုပွတ်သပ်နေကာ နှုတ်ခမ်းဖူးဖူးကလဲရှေ့ကိုစူထွက်နေသေးတယ်။park Jimin ကတကယ့်ကလေးလေး။

"တအားမပွတ်နဲ့ မျက်လုံးတွေနာကုန်မှာပေါ့"

"အင်း ဘယ်ရောက်ပြီလဲ"

"ဘူဆန်မြို့ဝင်နေပြီ"

"အဲ့လောက်တောင်ရောက်သွားပြီလား အိပ်လိုက်တာ ကြာသွားတယ်"

အချစ်ရှိရာWhere stories live. Discover now