"သား နားရင်နားတော့လေ မာမီစောင့်လိုက်မယ်"
" မာမီပဲနားပါသားအဆင်ပြေတယ်"
"အဲ့တာဆိုလဲ ထမင်းလေးတော့ စားလိုက်ပါအုံးသားရယ်"
"သားမဆာသေးလို့ မစားဝော့ာဘူး"
"သိပ်ချစ်တာပဲလားညီလေးကို"
မေးတတ်လိုက်တာ မာမီရယ် မွေးထဲက ပြေးကြည့်စရာဆိုလို့ ဒီမိသားစု ဒီအသိုက်အမြုံလေးပဲရှိခဲ့တာကို ချစ်တာပေါ့ သိပ်ချစ်တာ ဖြစ်နိုင်ရင် ပွန်းပဲ့ရာလေးတောင်ရှိစေခြင်တာမဟုတ်ဘူး
"ငယ်လေး သိပ်ကြောက်နေခဲ့မှာ"
ကုတင်ပေါ်က ဖြူဖျော့နေတဲ့ကလေးရဲ့လက်လေးကိုကိုင်ပြီး နဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်လေးတွေကို သပ်တင်ပေးရင် ဆွေးရိပ်သန်းနေတဲ့မျက်ဝန်းတွေနဲ့ ပြောလာတဲ့စကားသံဟာ အဖျားခတ်တုန်ရီနေတာကြောင့် သူဘယ်လောက်ခံစားနေရလဲ မပြောပြရင်တောင် ခန့်မှန်းနိုင်တဲ့ထိ
အကိုဖြစ်သူတောင် ဒီလောက်ဝမ်းနည်းနေရင် အမေဖြစ်သူကရော ပိုဆိုးတာပေါ့ ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတဲ့ အမေလေ နာကျင်မှုတွေကို အံတုပြီး လူ့လောကကို ကောင်း"မွန်"ရာက်လာဖို့အတွက် လချီပြီးဂရုစိုက်ခဲ့ရသလို လောကအပြင်ကိုရောက်လာတော့လဲ တစ်မျိုးတစ်ဖုံဂရုစိုက်ခဲ့ရပြန်တာပဲမွေးထဲက ရွှေပေါ်မြတင်ထားခဲ့ရတဲ့ကလေးလေး ခလုတ်တိုက်မိရင်တောင် ကိုယ့်မှာ ပြာပြာသလဲဖြစ်နေရတာ မြက်ခင်းတွေပေါ်တောင် ခြေဗလာနဲ့ မထားခဲ့တဲ့ကလေးကိုလေ သူတို့မို့လို့ လုပ်ရက်လိုက်တာ
"ကလေးကို ဘယ်သူကဘာလုပ်လိုက်လို့လဲ ဘာတွေပြောနေကြတာလဲ"
သားမိနှစ်ယောက်စကားပြောနေတုန်းဖြတ်ဝင်လာတဲ့ရင်းနှီနေတဲ့ အသံကြောင့် လှည့်မကြည့်ခဲ့ namjoon hyung ဆိုတာ သိနေပြီသားမို့
ဘယ်လိုပြောရမှာလဲ ဘယ်လိုမျက်နှာမျိုးနဲ့ ဒီအကြောင်းတွေကိုပြောပြရမှာလဲ လေပူတစ်ချက်မှုတ်ထုတ်ကာ အခန်းပြင်မှာစကားပြောရန် ခေါ်ထုတ်လာခဲ့သည်"မာမီ ကြည့်ထားပေးအုန်းနော်"
"ဟျောင်း ကျွန်တော်နဲ့ အိမ်ရှေ့ခဏသွားရအောင်"
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "သိပ်ချစ်ခဲ့တာမို့ ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါ မောင်"