ep - 5

103 4 0
                                    

ဂျွန်က ဒီနေ့တစ်နေ့လုံး training ရှိတာကြောင့်
အတန်းထဲမှာ တစ်ယောက်ထဲ ယောင်းကလဲ ခုထိပြန်မလာသေးတာကြောင့် သူငယ်ချင်းများများစားစားမရှိတဲ့ ကျွန်တော့အဖို့ အထီးကျန်လှသည် အထီးကျန်တယ်လို့သာပြောတာပါ ကျွန်တော်လူအများကြီးထက်စာရင် လူနည်းစုလေးကိုပဲပိုနှစ်သက်တယ် အေးချမ်းတယ်မလား

ယောင်းသွားထဲက အဆက်အသွယ်မရှိတာကြောင့်  အတော်လေးလွမ်းနေပြီ ဖုန်းဆက်လိုက်ရမလား အားပါ့မလား ခနလောက်တော့အားမှာပါ အားမှာပါဟုအထင်ဖြင့်ဖုန်းဆက်လိုက်တော့ မကြာပါ ပြန်လည်ဖြေကြားလာသည်

"ဟယ်လို"

"ယောင်း ငါလွမ်းနေလို့ "

"ငါလဲလွမ်းတာပေါ့ minie ရာ
မနက်ဖြန်ပြန်လာမှာ စောင့်နေကြနေရာမှာစောင့်နေ"

"တကယ်နော် ယောင်း"

"တကယ်ပေါ့ minie ရဲ့ ထမင်းသေချာစားနော် စိတ်ချမယ်"

"ဟုတ်ကဲ့ပါ ယောင်း ချစ်တယ်"

"ငါကပိုချစ်တာသိတယ်မလား"

"သိပါတယ် သိပါတယ် ဒါပဲနော် စာလုပ်တော့မယ်"

"အင်း အင်း ဒါပဲ"

"ပေါက်စ ကိုယ်ပြောစရာရှလို့"

"ဟုတ်ကဲ့ ပြောပါ"

"စတွေ့ထဲက ချစ်တာသိတယ်မလား
2နှစ်ရှိပြီ အဖြေကိုစောင့်နေတာ မစဉ်းစားပေးတော့ဘူးလား"

"တောင်းပန်ပါတယ် ကျွန်တော့်မှာ ချစ်ရမယ့် သူရှိတယ်"

"ကိုယ်က မပြိုင်ခင်ထဲက ရှုံးခဲ့တာလား"

"စိတ်မကောင်းပါဘူး စီနီယာ
တကယ် တောင်းပန်ပါတယ်"

"ကိုယ်စောင့်မယ် ကိုယ်စောင့်ပါ့မယ်
ပေါက်စအဆင်မပြေတဲ့အချိန်ကိုယ့်စီသာအပြေးလာခဲ့"

"စောင့်မနေပါနဲ့ ဆွဲထားသလိုဖြစ်နေမှာမို့ မေ့လိုက်ပါတော့"

"ကိုယ်စောင့်နေမှာမို့ ပျော်အောင်နေနော် မပျော်ရင် ကိုယ့်စီလာခဲ့ ကိုယ်သွားတော့မယ်"

ထွက်သွားတဲ့သူကိုကြည့်ပြီး ဘာလုပ်ပေးရမှန်းမသိစိတ်မကောင်းတာတော့အမှန် ဒီခံစားချက်ကို နားလည်ပေးလို့ရတယ် ကိုယ်ကိုယ်တိုင် ခံစားဘူးတာမို့လို့
ကိုယ့်ကိုယ်ချစ်တဲ့သူကိုမမြင်ပဲ
ကိုယ်ကချစ်တဲ့သူကိုသာမျှော်ကြည့်ကြတာ
လူတိုင်းရဲ့သဘာဝပဲလား
ဒါမှမဟုတ် ဂျွန့်ကိုချစ်မိတဲ့ကျွန်တော်ကပဲ ဘယ်သူ့ကိုမှမမြင်တော့တာလား
ဘယ်အကြောင်းရာတွေကို ဘယ်လိုပဲတွေးမိနေပါစေ နောက်ဆုံးကျရင် ဂျွန်ဆိုတဲ့သူက အတွေးထဲအပြည့်နေရာယူနေတဲ့အထိ ဂျွန့်ကိုသိပ်ချစ်နေမိတာပဲ

အချစ်ရှိရာWhere stories live. Discover now