ဘဝကကြာလာလေနာကျင်ရလေပဲ အသက်တစ်ရက်ကြီးလာလို့ ပိုပျော်ရမယ်ထင်ခဲ့တဲ့အချိန်တွေကို နောင်တရမိတယ်။တစ်ကယ်တော့ အသက်ကြီးလာတာနဲ့အမျှ နာကျင်စရာတွေပိုတိုးလာတာပဲ။အထိအခိုက်တွေများလာမယ် ၊ ကျဆုံးခြင်းတွေရှုံးနိမ့်ခြင်းတွေနဲ့ ရင်ဆိုင်လာရမယ် ၊ အတိုက်အခိုက်တွေကြား ကြိုးစားရုန်းကန်ရမယ် ၊မနာလိုသူတွေပေါတဲ့ရပ်ဝန်းမှာ နေရမယ် ၊ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေပြုံးထားရမယ် ၊ဒီလိုအကြောင်းအရာတွေကိုပဲ အက်ကြောင်းထပ်နေလောက်အောင် ပြုမူနေရတယ်။
အဆိုးဆုံးနာကျင်မှုကတော့ တိုက်ခိုက်မှုတွေ မနာလိုမှုတွေ တစ်ခုမှမဟုတ်ခဲ့ဘူး ကိုယ်ချစ်ရတဲ့သူတစ်ယောက်က ကိုယ့်ကိုယ်ပြန်မချစ်နိုင်တာပဲ။သိပ်ကိုနာကျင်ရပါတယ်။ခံစားဖူးတဲ့လူတိုင်းသိကြမယ်ထင်တယ်။တစ်ခါတစ်လေကျ အချစ် အမုန်း ဘာခံစားချက်မှမရှိတဲ့လူတစ်ယောက်အဖြစ်ပဲရှင်သန်နေထိုင်ချင်တော့တယ်။ကျွန်တော် ဂျွန့်ကိုချစ်ရတာ ပင်ပန်းလှပြီ။
ရက်သက်တစ်ပတ်တွေကျော်လွန်ပြီးတဲ့နောက်မှာ စာမေးပွဲဆိုတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ရန်သူတော်ကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ဒါဟာလဲ ရှောင်လွှဲလို့မရတဲ့ အခြေအနေတွေကြောင့်ပဲ ကြိုးစားကြရတာ။သူလဲပင်ပန်းသည်ထဲက တစ်မျိုးပါပဲ။စာမေးပွဲခန်းထဲက ဆူပုတ်ပုတ် မှုံတေတေမျက်နှာထားနဲ့ ထွက်လာတဲ့ Jimin တစ်ယောက်က 5မှတ်တန်တစ်ပုဒ်ကိုအစရှာမရအောင်မေ့နေခဲ့လို့ပါတဲ့။အကြောင်းရင်းသည်ကား စာမေးပွဲအခန်းထဲမဝင်ခင် တစ်ယောက်နဲ့တစ်ယောက်အားပေးစကားတွေပြောကာ နမ်းနေကြတဲ့အတွဲကြောင့်တဲ့။ဤသည်ကား ဂျွန်နဲ့ယောင်းတို့အတွဲသာလျှင်။
"minnie မဖြေနိုင်ခဲ့လို့လား"
"ဟုတ်တယ် ယောင်းရယ်"
"ဘယ်လောက်ဖိုးတောင်မဖြေနိုင်ခဲ့လို့လဲ minnie ရဲ့"
"5မှတ်တောင် ယောင်းရယ်"
ငိုချတော့မလို မျက်နှာလေးနဲ့ပြောနေတာကြောင့် တော်တော်မဖြေနိုင်ခဲ့ဘူးအထင်နဲ့မေးလိုက်ရာ ပြန်ဖြေလာသည့်အဖြေသည် "ဪ Park Jimin ရယ်လို့သာပြောနိုင်တော့တယ်။တကယ်ပါပဲ 5မှတ်လောက်လျော့လာတာကို ငိုချတော့မလိုလုပ်နေတာ။

YOU ARE READING
အချစ်ရှိရာ
عاطفية"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "သိပ်ချစ်ခဲ့တာမို့ ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါ မောင်"