"ဟျောင်း ကျွန်တော်လဲ ညနေဆို ဆင်းရမှာပဲဟာ ပြန်နားလိုက်ပါလား"
"ဟုတ်တယ် စီနီယာကြည့်ရတာ အားမရှိတော့သလိုပဲ ကျွန်တော်စောင့်ပေးလိုက်မယ်လေ ညနေထိ"
"ရပါတယ် ဟျောင်းအဆင်ပြေတယ်"
"ပြန်နားပါဆိုတာကို "
ဆူပုတ်"မျက်နှာလေးနဲ့ ခပ်ချွဲ"လေးပြောလာတော့ မင်ယွန်ဂီတို့အရည်ပျော်ချေပြီ
မတတ်နိုင်တဲ့အဆုံး နားပါ့မယ်ဆိုပြီးညနေပြန်လာခေါ်မယ့်အကြောင်းမှာကာပြန်သွားလေသည် အခန်းထဲတွင် စီနီယာဂန်ဂျောင်အင်နဲ့နှစ်ယောက်ထဲ အခန်းအတွင် အေးစက်"လေထုက ကြီးစိုးနေသည် မကြာပါ တံခါးဖွင့်ကာအပြေးလာဖက်တဲ့ယောင်းကြောင့် ခနမျှကြောင်အသွားရသေးသည်"Minnieသက်သာရဲ့လား ဘယ်လိုနေသေးလဲ မနေ့ထဲက လာမေးမလို့ ဗိုက်ကအဆင်မပြေလို့"
"သက်သာပါတယ် ယောင်းရော အဆင်ပြေရဲ့လား"
"ငါကပြေပါတယ် သက်သာနေပြီးမင်းသာကြည့်ပါအုံးဖြူဖျော့နေတာပဲ"
"ဖက်ထားပေး"
"အဲ့တာငါ့ရည်းစားပါနော်!!"
ယောင်းကြောင့်ဝမ်းသာဝမ်းနည်းဖြစ်ကာ ဖက်ထားပေးဖို့တောင်းဆိုနေတုန်း ကြားလိုက်ရတဲ့ခပ်စွာ"အသံကြောင့် ရင်ဘတ်တစ်နေရာမှဆစ်ကနဲ ယောင်ယမ်းကာလွှတ်ပေးလိုက်တော့မှ စတာပါဆိုတဲ့စကားလုံးနဲ့ နှစ်သိမ့်လာပြန်သည်
"ခြေထောက်ကဘာဖြစ်ထားတာလဲ ဂျီမင်"
"မနေ့ကလေ လမ်းလျှောက်ထွက်မယ်ဆိုပြီး ထွက်သွားတာ ပြန်လာတော့ သွေးစက်လက်နဲ့ ဖန်ခွဲစနင်းမိလာတာတဲ့"
တစ်ချိန်လုံးငြိမ်နေတဲ့ ဂန်ဂျောင်အင်က စကားလှမ်းထောက်တော့ မျက်စံတွေဟိုရွှေ့ဒီရွှေ့နဲ့ကောင်လေးက ဘာလို့ပြောလိုက်တာလဲဆိုတဲ့အကြည့်နဲ့ ကြည့်နေသေးသည်
"နမော်နမဲ့နဲ့ကွာ နေလဲကောင်းသေးတာမဟုတ်ဘူး"
ဟူး တော်သေးတာပေါ့ ဘယ်မှာလဲ ဘယ်နေရာမှလဲ ဘယ်လိုဖြစ်တာလဲဆိုတဲ့ မေးခွန်းတွေမမေးလို့ မဟုတ်ရင် သူတို့အခန်းစီရောက်လာတာ သိသွားလိမ့်မယ်
ဪ ပတ်ခ်ဂျီမင်ရယ် မင်းဘာသာတွေးပြီးစိတ်ပူနေတာပဲ ဟိုကဘယ်တုန်းက မင်းအကြောင်းတွေးဖူးလို့လဲ မဟုတ်တာကို ရူး"နှမ်း"လျှောက်တွေးနေသေးတယ်
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "သိပ်ချစ်ခဲ့တာမို့ ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါ မောင်"