"ပေါက်စ ရော့ စာအုပ် ပြန်လာပေးတာ"
"ကျေးဇူးပါ စီနီယာ"
"နေ့လယ် တစ်ခုခုလိုက်ကျွေးမယ်လေ ခုက ကိုယ်လုပ်စရာလေးရှိသေးလို့"
"သူမအားဘူး ဂန်ဂျောင်အင်"
ရှေ့မှာ စီနီယာက မတ်တပ်အနေအထားဖြင့်ပိတ်ထားတာကြောင့် မမြင်ရ သို့ပေမယ့် အသံကြားတာနဲ့ဘယ်သူဆိုတ အတပ်သိလိုက်သည် ကိုယ်ကို ရှေ့ကိုကိုင်းက ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပင် နစ်ယောက်မရှိတဲ့ နှလုံးသားတို့ရဲ့အရှင် ဂျွန်ဂျောင်ကုကြီး
စီနီယာဆိုတဲ့ကောင်ကိုကျော်ပြီးကြည့်လာတဲမျက်နှာလေးက သိသိသာသာ ပျော်နေသလို
ကယ်တင်ရှင်ကြီးရောက်လာပြီဆိုပြီး ပြုံးပြနေပုံက တကယ့် ကလေးလေးအတိုင်း
စီနီယာဆိုတဲ့ကောင်ကဘာလို့လဲ ဘာကြောင့်ဝင်ပြောတာလဲဆိုတဲ့အထာနဲ့ကြည့်လာလဲ ဂရုမစိုက်နိုင် သူတို့က သူငယ်ချင်းတွေမို့လို့ဖြေအုံးမှာ အမှန်"ကျွန်တော်နဲ့ သွားစရာရှိလို့"
"ဪ ရပါတယ် ဒီနေ့မအားတော့လဲ နောက်နေ့ပေါ့"
"ဟုတ် "
"ငါရောက်မလာရင် ဘယ်လိုလုပ်မလဲ"
"ငါလဲရှောင်ပြေးနေကျပါ အဲ့လောက်တော့ ရှောင်တတ်ပါတယ်နော်"
"အဲ့တာဆို ငါသွားပြန်ပြောလိုက်ရမလား ခုနက စတာပါလို့"
"ဂျွန်ဂျောင်ကု!!!"
"ဖြည်း"အော်ပါ သေးသေးလေးရာ နားတွေကွဲကုန်မယ်"
"မင်းပြောလေပိုဆိုးလေ တော်ပြီ မပြောတော့ဘူး"
"စိတ်မကောက်ပါနဲ့ကွာ ညကထယ်ဖုန်းဆက်တယ် သိလား သူနဲ"ကြာအုံးမယ်တဲ့ ငါကလွမ်းနေပြီ"
လွမ်းနေပြီ။
အင်း သူလဲလွမ်းနေမှာပေါ့ သူချစ်နေရတဲ့သူပဲကို
ဦးနှောက်က လက်ခံနိုင်ပေမယ့် နှလုံးသားက လက်မခံနိုင် တဆစ်"နဲ့ နာကျင်လာပြန်သည်
အလိုက်မသိတဲ့ မျက်ရည်တွေကလဲ ဝဲလာပြန်သည် ဂျွန်သတိထားမိမှာဆိုးတာကြောင့်
မျက်တောင်ပုတ်ခတ်"နှင့် ခေါင်းငုံ့၍သာ
စာအုပ်ကိုစိုက်ကြည့်နေလိုက်သည်
ယောင်းကရော ယောင်းကလဲ ဂျွန့်ကို သဘောကျနေတာပဲလား
ယောင်းကသူ့ကိုဖုန်းဆက်ပြီး ငါ့ကိုကျဘာလို့မဆက်တာလဲ မအားလို့လား မအားလို့ပဲနေမှာပါလေ
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "သိပ်ချစ်ခဲ့တာမို့ ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါ မောင်"