ep - 20

99 3 3
                                    

ချစ်တိုင်းလဲ မညားဘူးဆိုတဲ့စကားကို ပုံပြင်ဇာတ်လမ်းတွေထဲမှာပဲရှိခဲ့တယ်ထင်တာ။ဘယ်ဟုတ်မလဲ ခုကျွန်တော်ကိုယ်တိုင်ကြုံနေရပြီ။စချစ်ခဲ့တုန်းက ဖြစ်နိုင်ပါတယ်ဆိုတဲ့ မျှော်လင့်ချက်လေးဟာ တစ်စတစ်စနဲ့ ‌ပျောက်ကွယ်လာတယ်။ကြာလာလေ မဖြစ်နိုင်တော့ဘူးဆိုတာသေချာလာလေ။အရာအားလုံးမှာ ဒီတစ်ကြိမ်အခြေနေ
ကအဆိုးဆုံးလို့ဆိုရမယ် မပိုင်ဆိုင်ရလဲ ငေးကြည့်နေရုံဆိုတာတွေမရတော့ဘူး အချိန်ကာလအကန့်အသတ်တွေပါလာခဲ့ပြီ။လွှတ်ချသင့်ပြီလား လွှတ်ချလိုက်သင့်ပြီလား ? ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်အထပ်ထပ်မေးနေခဲ့လဲ အဖြေဟာ နတ္ထိ။

ကိုယ့်အသည်းကို ပြန်ခွဲရတဲ့နေ့တွေဟာ တစ်ကယ်ရှိတယ်......မရနိုင်တာကို မမျှော်လင့်တော့ဖို့ ဆုံးဖြတ်ချက်တွေချတဲ့အခါ လက်လွှတ်ရတဲ့အခါ
ချစ်လျက်နဲ့နောက်ဆုတ်ပေးခဲ့ရတဲ့အခါ တွေကအကြိမ်ကြိမ်အခါခါ ကိုယ့်အသည်းကိုပြန်ခွဲနေရတဲ့နေ့တွေပါပဲ။ဂျွန် ဆိုတဲ့ လူသားကို မပိုင်ဆိုင်ရသေးခင်မှာပဲ ဝေးကြရတော့မယ်။အဆင်ပြေပါတယ် ချစ်ရတဲ့သူနဲ့မပေါင်းဖက်ရတဲ့ဘဝက ရှင်လျက်နေသေနေသလိုပဲမို့ ထာဝရပျောက်ကွယ်သွားမယ်ဆို ကျွန်တော့အတွက်ပိုအဆင်ပြေပါတယ်။

"minnie ဘာလို့မှိုင်နေတာလဲ ခုတလော မျက်နှာကို မကောင်းဘူး"

ကြည့်နေတာကြာပြီ စာမေးပွဲခန်းထဲစဝင်ထဲကနေ အိမ်ရောက်တဲ့ထိ တမှိုင်မှိုင်တထွေထွေနဲ့ ဒီနေ့လဲ စာမေးပွဲနောက်ဆုံးရက်ရောက်နေပြီ မှိုင်ထွေနေတုန်း ။ တစ်ခုခုဖြစ်နေရင် ပြောမှာပါဆိုပြီးစောင့်ကြည့်‌နေတာ ခုချိန်ထိတစ်လုံးမှ ဟမလာတဲ့သူ‌ကြောင့် မနေနိုင်တဲ့ ကိုယ့်ဘက်ကပဲမေးလိုက်တော့တယ်။မေ့လဲတဲ့တစ်နေ့ အတိအကျဆို စာမေးပွဲပထမဆုံးနေ့က ဆေးရုံကထွက်ပြေးသွားတဲ့ ကိစ္စကိုမေးတော့လဲ ကိုကိုတို့နဲ့ရန်ဖြစ်တာပါဆိုပြီး ဆက်မပြောချေ။ Jimin လိုလူမျိုးက အကိုတွေနဲ့ ရန်ဖြစ်ဖို့မပြောနဲ့ သူ့အကိုတွေဘာ‌ပြော‌ပြောခေါင်းငြိမ့်လက်ခံ လိုက်လုပ်ေးခဲ့တာကြီးပဲ။တစ်ခုခုကိုဖုံးကွယ်ထားမှန်းသိပေမယ့် ဘယ်လိုမှ စကားနှိုက်မရတာ‌ကြောင့် အရိပ်‌ခြေသာကြည့်‌‌နေလိုက်တယ်။

အချစ်ရှိရာWhere stories live. Discover now