"ထယ် ကုတင်ကနှစ်လုံးပဲဆန့်တော့ ငါတို့အတူတူအိပ်မယ်နော်"
"အွန်း ဂျွန့်သဘောလေ"
ပစ္စည်းတွေ နေရာချနေတုန်း ကြားလိုက်ရတဲ့ စကားက နေချင်အုံးလေအဆောင် မင်းနေချင်လှပါတယ်ဆိုတဲ့အဆောင်နေစမ်း နာကျင်မယ့်လမ်းကို မင်းကိုယ်တိုင်ရွေးချယ်ထားတာမို့ နေ့တိုင်း ညတိုင်း ရက်သတ်တစ်ပတ်တိုင်းနာကျင်စမ်းလို့ ခနဲ့ကာ ဟားတိုက်လှောင်နေသလို
တစ်မနက်လုံး အဝတ်အစားတွေဗီရိုထဲထည့်
စားပွဲခုံတွေခင်း ကုတင်တွေနေရာချ စာအုပ်တွေနေရာစီနေရင်း တစ်ချက်"ခိုး"ကြည့်မိခဲ့တဲ့ လူသားက ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်ကို ရေလေးခပ်တိုက်လိုက် ယပ်လေးခပ်ပေစလိုက် ချွေးလေးသုတ်ပေးလိုက် ဗိုက်ဆာပြီလားဆိုပြီး မုန့်တွေယူပေးလိုက်နဲ့ မသိချင်ယောင်ဆောင် မနာကျင်ယောင်ဆောင်ထားရတာ ညနေခင်းထိပင်အလုပ်တွေရှုပ်နေတာကြောင့် ညနေခင်းရောက်မှ အားလုံးပြီးကာ ကုတင်ပေါ်လှဲလိုက်သည့်အချိန် အတူအိပ်မယ်ဆိုတဲ့စကားက ရင်ဘတ်တစ်ခုလုံး စုတ်ပြဲသွားအောင် ဆွဲဖဲ့နေသယောင် မင်းကနေချင်တယ်ဆိုလို့ အိမ်ကိုတောင် ခခယယပြောပြီးလိုက်နေရတာပါ ဂျွန်ရယ်
မင်းကတော့ ငါ့ကိုနာကျင်မှုတွေပေးရအောင် အနီးကပ်ခေါ်ထားသလိုပဲ အသုံးမကျတဲ့မျက်ရည်တွေက ဝဲလာပြန်ပြီး ပတ်ခ်ဂျီမင်ရယ် မင်းပျော့ညံ့လိုက်တာဆိုတာ"ဂျီမင် ညစာသွားဝယ်လိုက်ဦးမယ် ရေချိုးထားရင်ချိုးထားနော်"
"အင်း ယောင်းရောခေါ်သွားမှာလား"
"ခေါ်သွားမလားလို့ လိုက်ချင်လားထယ်"
"လိုက်မယ်လေ သွားကြတာပေါ့"
"အင်း အင်း အဲ့တာဆို ငါရေချိုးထားလိုက်မယ်"
"သွားပြီနော်"
သွားဆိုတဲ့ပုံစံနဲ့ပင် ခေါင်းငြိမ့်ပြကာ ရေချိုးခန်းထဲဝင်လာလိုက်ပြီး ရေပန်းအောက်၌ ဒူးနှစ်ဖက်ပေါလက်လေးတင်ကာ ခပ်ကျုံ့"လေးဝင်ထိုင်လိုက်သည်
ဂျွန့်ရဲ့ရွေးချယ်မှုတိုင်းက ငါမှမဟုတ်ပဲ သိသိရက်နဲ့ကို ဘာလို့ ခံစားနေရတာလဲ ဒီလမ်းကိုရွေးချယ်ပြီးပြီလေ ဆက်လျှောက်ဖို့အတွက် ဒီလိုပုံဖြစ်နေလို့ဘယ်ရမလဲ ပတ်ခ်ဂျီမင်ရေ မျက်ရည်တွေသုတ်စမ်း ဖိုက်တင်း ငါလုပ်နိုင်တယ်
ကိုယ့်ကိုယ်ကိုအားပေးကာ ရေပန်းအောက်က ထွက်ပြီး အဝတ်စားလဲကာ ဂျွန်တို့ပြန်အလာကိုစာလုပ်ရင် စောင့်နေလိုက်သည်
YOU ARE READING
အချစ်ရှိရာ
Romance"မင်းရှိတဲ့အရပ်ကို မောင်ရောက်အောင်လာခဲ့ပါ့မယ်" "သိပ်ချစ်ခဲ့တာမို့ ငါမရှိတဲ့အရပ်မှာ ပျော်အောင်နေပါ မောင်"