"ဟူး......ဘ၀ကြီးက ပင်ပန်းလိုက်တာဗျာ။ ရာသီဥတုကလည်း ဘာလို့ အဲ့လောက် ပူလာရတာလဲမသိဘူး။ လူကပူရတဲ့အထဲ ချွဲစရာ ရည်းစားဆိုလို့ မူးလို့ ရှုစရာတောင်မရှိဘူး။"
ရှိုင်း ကော်ဖီဆိုင်မှာ အလုပ်လုပ်နေရင်းနှင့် တစ်ယောက်တည်း ညည်းနေမိသည်။ သူနဲ့ ရွယ်တူလေးတွေ ရည်းစားလေးတွေနှင့် ပျော်နေချိန် သူ့မှာအခုထိ ကြိုက်စရာလူမရှိပါ။ အရင်ကရည်းစားတွေ ထားခဲ့ဖူးပေမဲ့ ဒီနှစ်ထဲ ဘယ်သူနဲ့မှ မတွဲဖြစ်တော့ပါ။ တကယ်ကြိုက်တဲ့ သူနဲ့မှ တွဲမည်ဟု စိတ်ဆုံးဖြတ်ထားသောကြောင့်ဖြစ်သည်။ သို့သော်လည်း ညညရောက်ရင်တော့ ရည်းစားလိုချင်လာပြန်ပါသည်ㅠㅠ
ရည်းစားထားမည်ဆိုမှ အရင်တစ်ပတ်က သက်တံ့တို့ကျောင်းမှာ ရေခဲမုန့်နှင့် ၀င်တိုက်ခဲ့သည့် လူကို သတိကရလာပြန်ပါသည်။
ရှိုင်းအဲ့နေ့ကစပြီး တစ်ပတ်လုံး ကျောင်းကို လိုက်ပို့သည်။ အိမ်ကအမေကတောင် အံ့ဩနေပါေသးသည်။ မအံ့ဩပါနဲ့ အမေရယ်..အမေ့သားလေးက အဲ့ဒီလူနဲ့မှ အရမ်းမွှန်နေလို့ပါ။
တစ်ပတ်လုံး ကျောင်းလိုက်ပို့ေပမယ့်လည်း ကံတရားကြီးက ရှိုင်းကို မျက်နှာသာ မပေးခဲ့ပါ။ ဘယ်နေ့သွားသွား ထိုသူ့ကို မတွေ့ခဲ့ရပါ။
အင်းလေ....ရေစက်က ဒီအထိဘဲ ထင်ပါရဲ့ အစ်ကိုရယ်..."တီ..."
ရှိုင်းတို့ ကော်ဖီဆိုင် လူ၀င်လာလျှင် ထွက်လာသည့်
ဘဲလ်(bell)သံကြောင့် အလွမ်းနာကျနေသည့် ရှိုင်းလေး လက်တွေ့ကို ပြန်ရောက်လာခဲ့ရသည်။"ညီလေးရေ.. ဧည့်သည်လာနေပြီ။ menu သွားယူလိုက်ပါအုံး။"
ရှိုင်း သူတို့ဆိုင်က အချိန်ပိုင်း အလုပ်သမားလေးကို တာ၀န်ပေးကာ သူကတော့နောက်မှာ လုပ်စရာ ရှိတာတွေ လုပ်နေခဲ့သည်။ ထိုအချိန်ထိ ဧည့်သည်ဆီကို သူလှည့်မကြည့်ခဲ့ပါ။
"အစ်ကို...Latteတစ်ခွက်နဲ့ ချောကလက်ကိတ်မုန့်တစ်ခုတဲ့။ အစ်ကို ဖျော်မလား၊ ကျွန်တော်ဘဲ လုပ်ပေးလိုက်ရမလား။"
"အစ်ကိုဘဲ လုပ်ပေးလိုက်မယ်လေ။ ညီလေးက ပြီးမှ သွားပို့လိုက်ပေါ့။"
ထိုသို့ဘဲပြောပြီး ရှိုင်း အလုပ်စလုပ်တော့သည်။
ဒီကော်ဖီဆိုင်လေးက သူနဲ့ သူ့သူငယ်ချင်းတွေ ဖွင့်ထားတဲ့ဆိုင်လေးပေါ့။ လူငယ်တွေချည်းဘဲ စပြီး ရုန်းခဲ့တာဆိုတော့ အပြင်အဆင်က အခုခေတ် လူငယ်လေးတွေအကြိုက် ဖြစ်နေခဲ့တယ်လေ။
ဖွင့်တာ သိပ်မကြာသေးပေမဲ့ ဓာတ်ပုံရိုက်တတ်တဲ့ ကလေးတွေအပြင်၊ ကော်ဖီကြိုက်တတ်တဲ့ လူလတ်၊လူကြီးပိုင်းတွေကြားမှာ နာမည်ကြီးတဲ့ ဆိုင်လေးအဖြစ်ရပ်တည်ခဲ့သည်။

YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...