"အန်တီ နေကောင်းတယ်နော်။"
ရှိုင်းအမေကို အိမ်ထဲ၀င်၀င်ချင်း အုပ်စုလိုက် နှုတ်ဆက်လိုက်သည့် ဇင်ယော်တို့ သုံးယောက်။
"ကောင်းပါတယ်ကွယ်။ မင်းတို့အုပ်စုလည်း အိမ်တောင် လာမလည်တာ ကြာပြီကော။ "
"သားတို့လည်း ဒီရက်ပိုင်း အလုပ်တွေရှုပ်နေလို့ပါဗျ။အန်တီ...ရှိုင်းရော"
ရှိုင်း အမေ၏ အမေးစကားကို ခန့်ကိုက ဖြေရင်း ရှိုင်းကို မတွေ့၍ တစ်ခါတည်း မေးလိုက််ခြင်းဖြစ်သည်။
"သားတို့ သူငယ်ချင်းက နေသိပ်မကောင်းလို့တဲ့ကွယ်။ အခန်းထဲကနေတောင် မထွက်ဘူး။ သားတို့သွားကြည့်ပြီး အပြင်လေးဘာလေး ခေါ်သွားလိုက်ပါဦး။"
ရှိုင်း နေမကောင်းသည်ကို သုံးယောက်လုံး မသိသေး၍ အံ့ဩသွားကြသည်။ ဖုန်းဆက်တာလည်း မကိုင်၊စာပို့တာလည်း စာမပြန်သည်မို့ စိတ်ပူ၍ အုပ်စုလိုက် ရှိုင်း အိမ်ကို ရောက်လာခြင်းဖြစ်သည်။
"ဟုတ် အန်တီ။ အဲ့တာဆို သားတို့ သွားကြည့်လိုက်အုံးမယ်။"
"အေး အေး။ ဗိုက်တွေဘာတွေ ဆာရင် အောက်ဆင်းလာခဲ့ကြနော်။ အအေးရော၊ မုန့်ရော ရှိတယ်။ ထမင်းပါ တစ်ခါတည်း စားသွားရင် စားသွားကြ။"
ဖော်ရွေပျူငှာလွန်းသည့် ရှိုင်း အမေကို ဇင်ယော်တို့ သူငယ်ချင်းတစ်စုလုံးက ကိုယ့်အမေရင်းသဖွယ် ချစ်ကြသည်။ ရှိုင်း အမေကလည်း သူတို့ဆိုလျှင် သားအရင်းလို ချစ်ပြီး ဂရုစိုက်တတ်သည်မှာ သူတို့သာလျှင် အသိဆုံးဖြစ်သည်။
ရှိုင်း အမေကို နှုတ်ဆက်ပြီး သုံးယောက်စလုံး အပေါ်ထပ်က ရှိုင်းအခန်းဆီကို ပြေးတက်သွားကြသည်။
"ဇော်ရှိုင်းထက်! အငယ်ဆုံးသားလေး ၀င်ခဲ့မယ်နော်!!"
ရှိုင်းဘက်က အော်ချိန်ပင် မရလိုက်ပါ။ သကောင့်ကား သုံးယောက်က ရှိုင်း၏ ခုတင်ပေါ်ကို ရောက်ပြီးသားဖြစ်သည်။
"ဘာလာလုပ်ကြတာလဲကွာ။ ငါ့ကို မခွဲနိုင်ကြဘူးထင်တယ်..အုပ်စုလိုက်ကြီး ကြွလာကြတာဆိုတော့...ဟုတ်လား။"
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...