နေ၀င်ခါနီးအချိန်မို့ ကောင်းကင်ကြီးမှာ ပုစွန်ဆီရောင်သို့ သန်းနေပါသည်။ မန္တလေးမြေမှာမို့ စိတ်ကတက်ကြွနေကာ နေ၀င်ချိန်သည် အတော်ပင်ကြည့်လို့လှနေသည်ဟု ရှိုင်းစိတ်ထဲထင်မိသည်။ အထူးသဖြင့် သဘောကျရသည့် လူ၏ မွေးရပ်မြေသို့ရောက်ရှိနေခြင်းကြောင့်လည်း ဖြစ်ပါသည်။
ရွှေမြို့တော် ကျုံးခံတပ်၏အရှေ့မှ ဖြတ်သွားမိတော့ ခမ်းနားထည်ဝါသည့် ခံစားချက်မျိုးလည်း ၀င်လာလေသည်။ အလွန်တရာ အဖိုးထိုက်တန်လှကာ မြန်မာဘုရင်များ နောက်ဆုံးစိုးစံခဲ့သည့် မြို့တော်ကြီး၏ ညနေခင်း ပုံရိပ်သည်
သူ၏အာရုံထဲတွင် ကြီးကျယ်မြင့်မြတ်မှုကိုလည်း ခံစားမိေနပါသည်။"ဟသ်ာတို့ရဲ့...နန်းတော်ရှေ့...
ဟသ်ာတို့ရဲ့ နန်းတွင်းရှေ့မှာ တံခါးမှူးအဖြစ်နဲ့လေ...
တို့တာ၀န်တွေ...ထမ်းရွက်ပါရစေ...ထမ်းရွက်ပါရစေ...
ချစ်သောဟသ်ာရေ....။"ကားထဲမှဖွင့်ထားသည့် သီချင်းသံကို မန္တလေးမြို့၏ မြင်ကွင်းနှင့် တွဲနားထောင်မိတော့ နှလုံးသားထဲတွင်လည်း ကြက်သီးထလာမိသည်။ သီချင်းထဲကလို မန္တေလးမြို့တော်မှာဘဲ နေချင်တော့သည်ဟု တွေးမိပြန်တော့ ရှိုင်း၏ အကြည့်က ဗီတာထံ ရောက်သွားပါသည်။
"ဟေ့ရောင်တွေ...မင်းတို့ ကျုံးရေကို မသောက်ကြနဲ့နော်။"
ဇင်ယော်၏စကားသံကြောင့် မနက်ကသွက်လက်စွာ ဆိုခဲ့ကြသည့် သံချပ်ကို သတိရမိသွားကြသည်။
"ဘာလဲ မန္တလေးသူနဲ့ ညားမှာမလို့လား။"
"ဟုတ်စပေါ့ကွာ။ ကျုံးရေသောက်မိရင် မန်းသူလေးနဲ့ ကြင်ယာပါတတ်တယ်တဲ့ စာအုပ်တစ်အုပ်မှာ ငါဖတ်ဖူးတယ်။ နောက်ပြီး...လူကြီးတွေပြောတာလည်းကြားဖူးတယ်လေ။"
"အဲ့တာတွေက အရင်က စနောက်ပြီး ပြောခဲ့ကြတာတွေ.... ဇင်ယော်ရဲ့။ သူ့မြို့နဲ့သူ ဓလေ့လေးတွေ၊စကားဝှက်လေးတွေ၊ ချစ်စရာကောင်းတဲ့ အလေ့အထနဲ့ ကိုယ်စားပြုပုံစံလေးတွေရှိတတ်ကြတယ်မလား။ မန္တလေးဆိုရင်လည်း ဟော့ဒီလိုနေရာတွေ၊စကားသဘောလေးတွေက ထင်ရှားတော့ ချစ်စရာအနေနဲ့ ကျီစယ်ကျရင်း အခုမျက်မောက်အထိ အမှန်ဘဲ ထင်နေကြတာပေါ့။"
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...