ရှိုင်းနှင့် ဗီတာသည် ဒီနေ့တနေကုန် ဘိုးဘွားရိပ်သာတွင် လုပ်အားပေးနေကြသည်။ နောက်ဆုံး activity အဖြစ် ဘိုးဘိုးဘွားဘွားတွေကို ကိုယ်လက်သန့်စင်ပေးကာ လက်သည်းခြေသည်းများလည်း ညှပ်ပေးနေကြသည်။ ရှိုင်းနှင့် ဗီတာက ကပ်လျက် အဘွားနှစ်ယောက်ကို ညှပ်ပေးရင်း ဗီတာက ရှိုင်းကို ၀င်ကူပေးသည်။
ဟိုတစ်နေ့က စကားကိုပြောခဲ့၍ ဗီတာ့မျက်နှာ ပူနေပေမယ့်
ရှိုင်းက အေးအေးဆေးဆေးနှင့် ပုံမှန်လိုဘဲ ဆက်ဆံတာမို့
ဗီတာ့အတွက် အဆင်ပြေသည်ပြောရမည်။အခုတော့ ဘွားဘွားကြီး တစ်ယောက်က ဗီတာနှင့် ရှိုင်းကို ဆုများပေးကာ စကားတွေလည်း ပြောနေခဲ့သည်။
"ကျန်းမာချမ်းသာကြပါစေကွယ်။ ပန်းလိုမွှေးပြီး ရေးလိုအေးကြပါစေ။ မိဘအပေါ် သိတတ်တဲ့ သားကောင်းလိမ္မာလေးတွေဖြစ်ကြပါစေ။ အေး...သားတို့ရဲ့ ဘ၀မှာ ချစ်ရသူနဲ့ တစ်သက်လုံး တူယှဉ်တွဲနေသွားကြရပါစေကွယ်...။"
ဘွားဘွားကြီး၏ အဆုံးသတ်ဆုစကားကြောင့် ရှိုင်း ပြုံးလိုက်မိသည်။ ဘွားဘွားဆုတောင်းတွေ မှန်ပါစေဟုလည်း စိတ်ထဲ ရေရွတ်မိသည်။ အနာဂတ်ကို ကြိုမသိနိုင်ပေမယ့် လက်ရှိ
ပစ္စုပ္ပာန်မှာ ကိုယ် သဘောကျရသူနှင့် မွန်မြတ်တဲ့ အလုပ်တွေ လုပ်နေခြင်းဟာလည်း ကောင်းခြင်း တစ်ခုဘဲဟု ရှိုင်းထင်မိသည်။ အစ်ကိုဗီတာ ပြောဖူးသလိုပင်..ကံဆိုတာက "အကြောင်းရှိလို့ အကျိုးဖြစ်တာ"ဟူသည့် စကားနှင့်အညီ နောင်အနာဂတ်မှာ သဘောကျရသူနှင့် ပေါင်းရဖို့ လက်ရှိတဒဂ်ေလးမှာတော့ တတ်နိုင်သလောက် ကြိုးစားမှ ရလဒ်သည် အနာဂတ်တွင် ကောင်းပေလိမ့်မည်။"ဘွားဘွားကြီး....နောက်ဆုံးဆုကတော့ သားအတွက် မပြည့်လောက်သေးဘူးထင်တယ်....ဟဲဟဲ။"
ရှိုင်းက ရယ်ကျဲကျဲနှင့် ပြောတော့ ဘွားဘွားကြီးက ပြုံးယောင်ယောင်နှင့် ရှိုင်းကို ကြည့်ကာ စကားပြန်သည်။
"အိုကွယ်...ငါ့မြေးလေးက ဒီလောက်ချစ်ဖို့ကောင်းပြီး ချောတာ အခုထိ မရှိသေးတာ အံ့ဩစရာဘဲ....အဲ့ဒါဆိုလည်း နောင်ကျရင် လူကောင်းေလးနဲ့တွေ့ပါစေလို့ ဘွားဘွားကြီးက ဆုပေးမယ်နော်။ ဟင်း...မြေးက ချစ်ဖို့ကောင်းလိုက်တာ...ဘွားဘွားကြီးရဲ့ မြေးဆို ဘယ်လောက်တောင် ကောင်းလိုက်မလည်းကွယ်...။"
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...