"ကိုကြီးရှိုင်း...စာအုပ်ရော။"
ရောင်ခြည် ထိုင်ရာမှထကာ ရှိုင်းရဲ့ အရှေ့မှာ ခပ်တိုးတိုးမေးလိုက်သည်။ ထိုအခါ ရှိုင်း ငေးကြည့်နေရာမှ လန့်သွားကာ ရောင်ခြည့်ကို စာအုပ်လှမ်းပေးလိုက်သည်။
"ဒီမှာ ရောင်ခြည်။ ဒီစာအုပ်မှန်ရဲ့လား။ ကိုကြီးလည်း သေချာမမေးသွားလိုက်ရတော့ မနည်းရှာလိုက်ရတယ်။"
"ဟုတ်တယ် ကိုကြီးရှိုင်း။ ဒီစာအုပ်ဘဲ။"
"ရောင်ခြည် အဲ့ဒါ ရောင်ခြည်တို့ ဆရာလား။
ကိုကြီး ဘာပြောဖို့လိုသေးလည်း။"ရှိုင်းက ဗီတာ့ဘက်ကို မေးငေါ့ပြောနေတုန်းမှာပင် ဗီတာက ရှိုင်းတို့ တူ၀ရီးနှစ်ယောက်ဆီ လျှောက်လာခဲ့သည်။
"ဟုတ်တယ်လေ ကိုကြီးရှိုင်း။ အဲ့ဒါ သားတို့ အဂ်လိပ်စာဆရာ။"
"ရောင်ခြည်....သားရဲ့ အိမ်ကလား။"
ဗီတာက ရှိုင်းကိုကြည့်ကာ မေးတော့ ရှိုင်းမှာ အနေရခက်လာသည်။
"ဟုတ် ဆရာ။ ဟို..ဟို...သား.."
စာအုပ်မေ့ကျန်ခဲ့သောရောင်ခြည်မှာ ဗီတာ့ကို ဘယ်ကဲ့သို့ ပြောရမည်ကို စကားထစ်နေတုန်းမှာပင် ရှိုင်းက ၀င်ပြောလိုက်သည်။
"ရောင်ခြည် စာအုပ်မေ့ကျန်လို့ လာပေးတာပါဗျ။"
ဒီကောင်လေးက စကားပြောရင် "ဗျ"ထည့်ပြီး ယဉ်ယဉ်ကျေးကျေးနှင့် ပြောတတ်သည်ကို ဗီတာ သတိထားမိသည်။ အခုနောက်ပိုင်းကလေးတွေအများစုက ကိုယ့်ထက် သိပ်မကြီးရင် ယဉ်ယဉ်ကျေးကျေးမပြောချင်ကြတော့ဘူး။ သူတို့နဲ့ ရွယ်တူလိုဘဲ ပြောတတ်ကြတာ။ ဒီကောင်လေးကိုတော့ လူယဥ်ေကျးလေးဟု ဗီတာ စိတ်ထဲမှ အမှတ်ပေးမိလိုက်သည်။
"အော်...ရောင်ခြည်ရယ် အဲ့ဒါများ ဆရာ့ကို ကြိုမပြောထားဘူး။ ဆရာက သားကို မဆူပါဘူး။"
ရောင်ခြည့်ကို ပြုံး၍ စကားဆိုလိုက်သည့် ဗီတာ့ကို ကြည့်နေသည့် ရှိုင်း၏ မျက်နှာတွင် ပြုံးရိပ်သန်းလာသည်။
အစ်ကိုက ပြုံးလိုက်ရင် တကယ်ချောတာဘဲ။ သူနဲ့ တွေ့ရင်တော့ အလွဲလွဲအမှားမှားတွေနဲ့သာ ကြုံခဲ့ရသည်မို့ အစ်ကို့အပြုံးကို မြင်ရခဲခဲ့ပါသည်။ အခုတော့ သူမဟုတ်သည့်အတိုင်း ပြုံးပြီး ပြောနေလိုက်တာများ ဘေးကလူကိုပါ ပအပြုံးလေးတွေက ကူးစက်လာေစသည်။
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...