"Take me home...I'm falling.."
ကောင်တာတွင်ရပ်နေရင်း လုပ်စရာရှိတာလုပ်ကာ ပါးစပ်မှလည်း ဆိုင်က သီချင်းသံနှင့်အညီ အလိုလိုညည်းနေမိသည်။ ဒီသီချင်းသည် ရှိုင်း၏ အကြိုက်ဆုံးများမှတစ်ပုဒ်ဖြစ်လေသည်။ စိတ်မှလည်း သီချင်းသံကြောင့် ပေါ့ပါးသွက်လက်နေကာ တစ်စံုတစ်ေယာက်ကို သတိရေနမိပါသည်။
အရင်ကဆိုလျှင် အလွမ်းရက်ကလေးတွေမရှိစေရန် ရှိုင်းသည် ဗီတာနှင့် မတွေ့သည့်ရက် မရှိအောင်နေခဲ့ပါသည်။ သို့သော် ဒီရက်တွေထဲ ဗီတာ့ကို ရှိုင်းတစ်ယောက် ရှောင်နေမိသည်။ ရည်းစားဦး မေဆိုသည့် အမျိုးသမီးနှင့်အပြင်မှာ
ေတွ့ခဲ့သည်ဆိုသည့် သတင်းကို ခန့်ကိုဆီမှ ရှိုင်းကြားပြီဖြစ်ပါသည်။ ခန့်ကိုသည် သူ၏ခံစားချက်တွေကို မသိသေး၍ ထိုသို့ပြောခြင်းပေမယ့် ရှိုင်းရင်ထဲ မိုးပြိုခဲ့ကာ ခိုးငိုခဲ့ရပါသည်။ယခုလည်း ထိုအကြောင်းကို တွေးမိတော့ စိတ်တွင် အားငယ်သလိုဖြစ်လာရပါသည်။ သူသည် အချစ်ဟူသည့် ခံစားချက်တိုက်ပွဲတွင် မတိုက်ရသေးခင်မှာပင် နောက်သို့ဆုတ်လိုက်ရသည့် စစ်သည်ေတာ်တစ်ဦးမဖြစ်ချင်ပါ။ သို့ေသာ် ချစ်ရသူကေပျာ်လျှင်ေတာ့ နောက်ဆုတ်ပေးဖို့ ၀န်မလေးပေ။
မျက်ရည်ကလေးတွေဝိုင်းလာသည်ကို မည်သူမျှသတိထားမိအောင် အမြန်ပင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပါသည်။ ဆိုင်သို့လာသည့် ဧည့်သည်တွေမြင်လျှင် မကောင်းနိုင်ပါ။
ဆိုင်တွင်အလုပ်လုပ်လျှင် ရှိုင်းသည် အတတ်နိုင်ဆုံး ပြုံးပျော်အောင်နေပါသည်။ သို့မှသာလျှင် ဆိုင်သို့လာစားသည့် ကာကာလေးမျာက ရှိုင်းဆီက အကြည်ဓာတ်အပျော်လေးတွေကူးသွားကာ သူတို့၏တစ်နေ့တာတွင် အကောင်းဆုံးဖြတ်သန်းနိုင်မည်ဖြစ်ပါသည်။သို့သော် ရှိုင်း၏ မနည်းဘောင်ချထားရသည့် အပျော်ကလေးသည် ကောင်တာရှေ့မှ မိန်းမတစ်ယောက်ကြောင့် ရေငွေ့လို ပျောက်သွားရပါသည်။ တစ်ဆက်တည်းမှာပင် ရှိုင်း၏ မျက်ခုံးနှစ်ခုကလည်း ကျုံ့သွားရပါသည်။
"ဇော်ရှိုင်းထက်ဆိုတာ မင်းမလား။"
အထက်စီးဆန်ဆန်ေပြာလိုက်သည့်စကားတွင် မမခိုင်ပြောခဲ့သလိုပင် ဂုဏ်မောက်သည်ကိုဖော်ညွှန်းနေပါသည်။ တစ်ဖက်သားနာမည်ကို ယဉ်ယဉ်ကျေးကျေးမမေးတတ်ဘူးနှင့် တူပေမည်။ ပညာတွေဒီလောက်တတ်သည်ကိုပင် ယဉ်ကျေးမှုက မရှိ။
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...