"ဟာဗျာ...အမေတို့ကလည်း ဂိမ်းဆော့ရင်လုပ်ပြီ။ သူတို့အဖေက ဘာလုပ်နေလို့လဲ။"
ရှိုင်း ဂိမ်းဆော့နေရင်းနဲ့ ပါးစပ်ကလည်း ဗျစ်ဗျစ်တောက်တောက်ပြောနေေသးသည်။ ရှိုင်း၏ တူတွေ၊တူမတွေကို ကျောင်းလိုက်ပို့ရန် ရှိုင်းအမေက ခိုင်းလိုက်ခြင်းေကြာင့်ဖြစ်သည်။
"သားရယ်...သားအစ်ကိုတို့က ဒီနေ့ သွားစရာလေးရှိလို့ စောစောထွက်သွားတာကြောင့်ပါ။ ကလေးတွေ ကျောင်းနောက်ကျနေမှာဆိုးလို့ မြန်မြန်လိုက်ပို့လိုက်ပါကွယ်။"
ရှိုင်းအမေ ထိုကဲ့သို့ပြောနေရင်းမှပင် အခန်းထဲသို့ တူမလေး သက်တံ့ ၀င်လာကာ ရှိုင်းကို ပူဆာလေသည်။
"ကိုကိုရှိုင်းကလည်း သမီးတို့မှာ ကိုကိုရှိုင်းဘဲ ရှိတာကို။ကိုကိုရှိုင်းလိုက်မပို့ရင် ဘယ်သူကလိုက်ပို့မှာလဲလို့။ လိုက်ပို့နော် ကိုကိုရှိုင်း...ဒီနေ့ကျောင်းက နောက်ကျလို့မရဘူးတဲ့ ဆရာမကပြောလိုက်တယ်...."
ရှိုင်းမှာ တူမအချောလေးက ချွဲတော့ ဘာမှထပ်မပြောနိုင်တော့ပါ။ သူ့မှာလေ ဘယ်သူ့ဆီကမှ အချွဲမခံရရင်တောင် ဒီတူမလေးချွဲလို့ကတော့ လူက အရည်ပျော်ကျကာ လိုက်လျောရစမြဲပင်။ သက်တံ့လေးကေတာ့ ကလေးပီပီ စကားပြောရင် ချစ်စရာကောင်းကာ လူကြီးတွေကိုလည်း ကလေးစကားလေးတွေနဲ့ ချွဲတက်သေးသည်။ အိမ်မှာ အငယ်ဆုံးေလးဖြစ်တာကြောင့် တစ်အိမ်လုံးရဲ့ အချစ်ခံကလေးပင်။
သက်တံ့အပြင် ရှိုင်းမှာ ရောင်ခြည်ဆိုသည့် တူတစ်ယောက်ရှိသေးသည်။ သက်တံ့၏ အစ်ကိုဖြစ်ကာ ရောင်ခြည်မှာလည်း ချစ်စရာကောင်းလှသည်။
တကယ်တော့ ရှိုင်းနှင့် ထိုမောင်နှမနှစ်ယောက်သည် တူ၊တူမတော်သော်လည်း တစ်ခြားတူကြီးတွေလိုတော့ အသက်အရွယ်မှာ သိပ်မကွာလှပါ။ ရှိုင်း၏မိဘများသည် ရှိုင်းရဲ့ အစ်ကိုလူပျိုပေါက်အရွယ်တွင် ရှိုင်းလေးကို ခက်ခက်ခဲခဲမွေးခဲ့ရတာကြောင့် ရှိုင်းနှင့် ရှိုင်းအစ်ကိုမှာတော့ အသက်တော်တော်ကွာလေသည်။
သက်တံ့နှင့်ရောင်ခြည်သည် ရှိုင်းအစ်ကိုကြီး၏ ကလေးနှစ်ယောက်ဖြစ်ပြီး နှစ်ယောက်စလုံး သန္ဓေကောင်းကြသည်။
သားကြီး ရောင်ခြည်ဆိုလျှင် အကြီးဆုံးပီပီ သူ၏ညီမလေးကို ချစ်ရှာသည်။ သက်တံ့မှာလည်း အငယ်ဆိုပြီး သူများကလေးတွေလို အရမ်းကြီးမဆိုးလှပါ။ သို့သော် မောင်နှမပီပီ ရန်ဖြစ်သတ်ပုတ်တာလေးတွေတော့ ရှိသည်။ အဲ့လိုအချိန်ဆို ကြားထဲကနေ ၀င်ရှင်းပေးရသူမှာ ရှိုင်းပင်။
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...