"မမခိုင်တို့ကနော်...ရှိုင်းဆီကို အခုမှလာတယ်။ ရည်းစားလေးနဲ့ မွေးရပ်မြေမှာ တော်တော်ပျော်နေခဲ့ပုံရတယ်..ခ်ခ်။"
ဆေးရုံသို့ အခုမှ ရောက်လာသည့် ခိုင့်ကို ကောင်းမြတ်က ရယ်ကျဲကျဲနှင့် ရွဲ့ကာစလေသည်။
"အမလေးဟယ်... ရောက်ရောက်ချင်းကို ဘူလီတော့တာဘဲ။ မပျော်ခဲ့ရပါဘူးတော်...လူကြီးတွေနဲ့ စကားပြောပြီး တန်းပြန်ခဲ့ရတာပါ။ ဒီမှာလည်း နှစ်ယောက်စလုံးရဲ့ အလုပ်တွေက ကျန်ခဲ့တော့ မြန်မြန်ပြန်ခဲ့ရတာ။"
"အဆင်ပြေခဲ့ရဲ့လား မမခိုင်။ မမခိုင်ရဲ့ မိဘတွေနဲ့ ကိုမင်းရဲ့ မိဘတွေက အဆင်ပြေရဲ့လား။"
မကြာခင် လက်ထပ်ရန် စီစဉ်ထားသည့် ခိုင်သည် မန္တလေးသို့ ချစ်ရသူကိုမင်းနှင့်အတူ ပြန်သွားကာ နှစ်ဖက်မိဘနှင့်အတူ ဆွေးနွေးခဲ့လေသည်။ ထိုကိစ္စကို သိချင်သူမို့ ရှိုင်းက ပြုံးပြုံးကလေးမေးတော့ ခိုင်ကလည်း ကျေနပ်ဖွယ် ပြုံးကာ ဖြေပါသည်။
"အင်း... ပြေတယ်လို့ဘဲ ပြောရမယ်။ ကိုမင်းရဲ့ မိဘတွေက အမတို့ မိသားစုကို အတော်သဘောကျနေတာ။ ရိုးသားပြီး အေးချမ်းလို့တဲ့လေ။ အိမ်ကအမေတို့ကလည်း ကိုမင်းတို့နဲ့ ဓာတ်တည့်နေတာ။ ကိုမင်းကိုဆို သား၊ သားနဲ့ကို ပါးစပ်က မချတော့ဘူး။ အမကတောင် သူတို့သမီးမဟုတ်တော့ဘူး၊
ကိုမင်းကို ပိုပြီး သဘောကျနေကြတယ်လေ။"မမခိုင်၏စကားကို ရှိုင်းနှင့် ကောင်းမြတ်သည် အားကျစွာ နားထောင်နေခဲ့ကြပါသည်။ မမခိုင်အတွက် ဒီလိုသတင်းမျိုးကြားရသည်မှာ ရှိုင်းရင်ထဲ ကိုယ့်အမလို သဘောထားသည်မို့ ၀မ်းသာနေခဲ့ပါသည်။ မမခိုင်ဆိုလျှင် ပို၍ပင် ပျော်နေလိမ့်မည်။ မမခိုင်သည် အမျိုးကောင်းသမီးလေးမို့ လူကြီးလူကောင်းဆန်သည့် ကိုမင်းနှင့် လိုက်ဖက်လေသည်။ နှစ်ဦးသား၏ ဘ၀ခရီးတွင် နားလည်မှုတွေ၊ ချစ်ခြင်းတရားတွေနှင့် ရှေ့ဆက်နေကြသည်မှန်း ဘေးကသူပင် မြင်နိုင်ပါသည်။
"မမခိုင်ကိုတော့ အားကျတယ်ဗျို့။ အချစ်ရေးမှာ ကံကောင်းလွန်းလို့ ရည်းစားဘ၀ကိုတောင်ကျော်ပြီး အိမ်ထောင်တစ်ခုကိုတောင် ဆောက်တော့မယ်။ ၀မ်းသာပါတယ်မမခိုင်ရယ်.. မမခိုင်က ရှိုင်းတို့ အတွက်တော့ အမတစ်ယောက်လိုဘဲမို့ အမနဲ့ ထပ်တူပျော်မိပါတယ်။ မဂ်လာဆောင်ကျရင် ရှိုင်းတို့ကို ရေခဲမုန့်ပိုကျွေးနော် မမခိုင်...ဟားဟား။"
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...