"ဆန်းစခါနွေ...သာတပေါင်းမို့၊ ညှာညောင်းကြွေ၊
ပြေပြေရောရု၊ မြအသွေး ရွှေရေးလုလို့ ၊ ရတုအညီ၊
မြေသို့သက်တဲ့ ရော်ရွက်ညီကို၊
ပလီပလာ တည်တာတာ သည်ခါဓလေ့၊
နွေအကူး လေရူးဝေ့တော့"
(မင်းသု၀ဏ်)နွေဦးတောင်ပေါက်ခဲ့ပြီ။ နွေညလယ်မှာ အိပ်မပျော်သည့် ဗီတာတစ်ယောက် ညနေက ဖတ်ခဲ့သည့် ဆရာကြီး မင်းသု၀ဏ်၏ ကဗျာတစ်ပိုဒ်ကို ဒိုင်ယာရီစာအုပ်ထဲတွင် ကူးရေးနေခဲ့သည်။
"သည်နှစ်နွေမှာလည်း ကိုယ်လွမ်းရင်း ဖြတ်သန်းရတော့မည်ထင်ပါရဲ့ မေရယ်... မေ နှစ်သက်တဲ့ စိန်ပန်းနီနီတွေ မန္တလေးအိမ်မှာ ပွင့်နေခဲ့ပြီ မေရဲ့... မေ သိလား... သပြေဘူတပန်းတွေလည်း ဝါဝါထိန်နေခဲ့ပြီ။ နောက်နှစ်လလောက်နေရင်
သက်ြန်တောင်ရောက်ပြီနော်။ ကိုယ် မန္တလေးကို မပြန်ချင်ဘူး မေ... ကိုယ်လွမ်းမနေချင်ဘူး...ကိုယ်နာကျည်းချင်တယ်...ဒါပေမဲ့ ဘယ်လိုစိတ်နဲ့များ နာကျည်းနိုင်ပါမလည်းကွယ်..."ဗီတာ စာရေးနေရင်း သက်ပြင်းချကာ ရင်ထဲမှာ လေးလံလာမိသည်ဟု ခံစားရသည်။ လွန်ခဲ့သည့် လေး၊ငါး၊ခြောက်နှစ်က အကြောင်းတွေသည် ယခုချိန်ထိ အသည်းနှလုံးထဲမှာ အမာရွတ်ကျန်နေသည်မို့ ဘယ်လိုကုရမည်ကို ဗီတာ နားမလည်တော့ပြီ။
ဟုတ်ပါသည်...ဒီနှလုံးသားကိစ္စတွေက ပြီးနှင့်ပြီ။ သူဆက်ပြီး မတွေးချင်တော့ဘူး။ အမာရွတ်မပျောက်လည်းနေပါစေတော့..အနာအသစ်တော့ ထပ်အဖြစ်မခံချင်တော့ပါဘူး...
ထိုသို့ နာနာကျင်ကျင်တွေးနေရင်းမှပင် နှလုံးသားရဲ့ တစ်နေရာက ပါးချိုင့်လေးတစ်ဖက်နှင့် အပြုံးလေးကို မြင်ယောင်လာမိသည်။ ဟင့်အင်း...သူ ဆက်မချစ်ချင်တော့တာမို့ အမြန်ဘဲ ထွက်သွားပေးပါကွယ်...
"တိန်"
"တိန်"
"တိန်"
"တိန်"ဗီတာ တွေးတွေးတောတောနှင့် ဒိုင်ယာရီရေးနေစဉ် ဘေးဘက်ဆီက ဖုန်းမှ တတိန်တိန်နှင့် နိုတီတက်လာခဲ့သည်။ သူ လိုင်းဖွင့်ထားခဲ့သည်ကို အခုမှသတိရသည်။ အဆက်မပြတ်၀င်လာသည့် နိုတီကြောင့် ဗီတာ လျစ်လျူမရှုနိုင်တော့ပြီ။ အရေးကြီးကိစ္စဖြစ်နေရင်ဆိုသည့် အတွေးကြောင့် လက်က ဖုန်းကို ကိုင်နှင့်ပြီးဖြစ်သည်။
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...