"ရှိုင်းကလေ... ကိုကို့ကိုတောင် မတိုင်ပင်ဘူးကွာ။ ဘာလို့ သတိုးသားအရံလုပ်ဖို့ကို လက်ခံလိုက်ရတာလည်း။ နောက်ပြီး... တစ်ခြားမိန်းကလေးတစ်ယောက်နဲ့ ရှိုင်းကို ကိုကိုက ဘယ်လိုမြင်နိုင်မှာလည်း။"
ရှိုင်းသည် အရှေ့တွင် စိတ်ကောက်နေသည့် ကိုကို့ကို မည်ကဲ့သို့ ချော့ရမည်မသိတော့ပါ။ သူကလည်း သူပင်ဖြစ်ပေသည်။ မမခိုင်က သတိုးသားအရံအဖြစ်ကူညီပေးရန် ကမ်းလှမ်းသည်ကိုမှ ကိုကို့ကို မပြောဘဲ သူ့သဘောနှင့်သူ သဘောတူလက်ခံခဲ့ပါသည်။ ဤသည်မှာလည်း မမခိုင်ကို အားနာ၍သာဖြစ်သောကြောင့် ကိုကိုနားလည်ပေးနိုင်မည်ဟု ထင်ခဲ့၍သာ ခေါင်းငြိမ့်ခဲ့ခြင်းပင်။ သို့သော် ကိုကိုသည် တစ်မနက်လုံး သူ့ကို စကားမပြောဘဲနေခဲ့ေလသည်။ သူသည် ကိုကို့အနားတွင် ရစ်သီရစ်သီလုပ်၍ ချော့ခဲ့၍သာ ပြဿနာအမှန်ကို ထုတ်ပြောလာလေသည်။
ကိုကိုသည် ထိုကဲ့သို့လူမျိုးပင်။ သူနှင့်တွဲေနသည့်တစ်လျှောက်လုံးတွင် စိတ်ကောက်စရာရှိလျှင် ဖွင့်ဟမပြောတတ်။ အမြဲတမ်း ဘေးကလူကိုတော့ သူစိတ်ကောက်နေသည်ဆိုသည့် ခံစားမှုကို ပေးစွမ်းနိုင်သည်မို့ ကိုကို့မျက်နှာတစ်ကမ္ဘာလုပ်နေသည့် ရှိုင်းသည်လည်း ချက်ချင်းပင် သိနိုင်လေသည်။ ထိုအခါ အကြီးကို ချော့ရသည်မှာလည်း မလွယ်ကူလှပါ။ သို့သော် ကိုကိုသည် မျက်နှာငယ်ကလေးနှင့် သနားကမားချော့တတ်သည့် ရှိုင်းကိုတော့ မလွန်ဆန်နိုင်ပါ။ ခဏတာပင် စိတ်ကောက်နိုင်ပါသည်။
အခုလည်း တစ်နေကုန် စိတ်ကောက်နေရာမှ ရှိုင်းက မျက်နှာငယ်ကလေးနှင့် မေးလာသည်မို့ ဗီတာ့မှာ ဆက်ပြီး မခဲထားနိုင်တော့ပေ။ ချစ်ရသူ၏ မျက်နှာကလေးညှိုးမည်ကိုတော့ စိုးရိမ်တတ်ကြသည် မဟုတ်ပါတကား...။
"ရှိုင်းလည်း မမခိုင်ကို အားနာလို့ပေါ့ ကိုကိုရာ။ သူ့ခမျာ ပွဲနီးမှ လူရှာနေရတာဆိုတော့ ပင်ပန်းနေမှာဆိုးလို့ ၀င်ကူညီပေးလိုက်တာပါဗျာ။ ပြီးတော့ ရှိုင်းနဲ့ တွဲမယ့် ကောင်မလေးကလည်း ကိုကိုတို့နဲ့ အသိဘဲမလား။ မမခိုင်က ကိုကို့သူငယ်ချင်းဘဲကို... ရှိုင်းက ဒီလောက်မှ မကူညီပေးနိုင်ရင် အားနာစရာကြီးလေ... ကိုကိုရဲ့။"
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...