~Wanna Be YOURS~{PT_14}

643 51 16
                                    

"ရွှေလည်မော့ကာပ၊
နေခြည်ပျော့လိုနှင့်၊
ရည်ကျော့ပေ နှင်းဆီ....။"

စိန်ပန်းပင်အောက်မှ ထွက်ပေါ်လာသည့် ကဗျာချိုချိုအသံကလေးကြောင့် နှင်းဆီပန်းတွေကို ရေလောင်းနေသည့် ရှိုင်းတစ်ယောက် လှည့်ကြည့်မိပါသည်။ ဘယ်အချိန်ကတည်းက သူ့ကို ကြည့်နေမှန်းမသိသည့် အပြုံးတစ်ပွင့်ပန်ဆင်ထားသူ‌ကြောင့် ရှိုင်း၏ နားကလေးတွေ ရဲလာရပါသည်။ သူသည်လည်း အလိုလိုပင် နှစ်နှစ်ကာကာ ပါးချိုင့်ကြီးပေါ်အောင် ပြုံးသွားရပါသည်။

"အစ်ကိုရဲ့ ကဗျာရွတ်တဲ့ အသံလေးက နားထောင်လို့ ကောင်းလိုက်တာဗျာ...။ အဲ့ဒါက ဘယ်သူရေးတာလဲ အစ်ကို။"

ရေပြန်လောင်းရင်းနှင့်ပင် မေးနေပါသည်။

"အဲ့ဒါက ဆရာမကြီး ကြည်အေးရဲ့ နှင်းဆီဆိုတဲ့ ကဗျာလေးလေ။ အစ်ကိုဆိုလိုက်တာက ကဗျာရဲ့ အစလေးဘဲရယ်။ နှင်းဆီပန်းတွေမြင်တော့ စိတ်ထဲ ကဗျာတစ်ပုဒ်ပေါ်လာတော့ နှုတ်ကလည်း အလိုလို ထွက်သွားတယ်ထင်ပါ့။ "

"အစ်ကိုက ကဗျာတွေကို အလွတ်တောင်ရတယ်နော်။ ကဗျာဖတ်ရတာ သဘောကျတယ်ထင်တယ်။ ရှိုင်းဆို ကဗျာကို ဘယ်လောက်နှုတ်တိုက်ဆိုဆို အလွတ်ကိုမရတာပါဗျာ...ဟဲဟဲ။"

လောင်းလက်စ ရေပုံးကို ဘေးချလိုက်ကာ ဗီတာထိုင်နေသည့် ခုံဝိုင်လေးဆီသို့ တစ်ဖြည်းဖြည်း လျှောက်သွားလိုက်ပါသည်။ ပါးစပ်မှလည်း အမေးစကားနှင့် အတူပင်။
ဗီတာကတော့ ရှိုင်း၏ လှုပ်ရှားမှုလေးတွေကို ကြည့်ကာ ရှိုင်း၏အပြောကို သဘောကျဟန်နှင့် တစ်ခစ်ခစ်ရယ်လေသည်။

"အဲ့လိုပါဘဲ...ရှိုင်းရယ်။ အစ်ကိုငယ်ငယ်ကဆို ကဗျာတစ်ပုဒ်ကို အပြင်မှာပြန်ရွတ်ပြချင်လို့ ကျက်ခဲ့တဲ့အဆင့်အထိပါ လုပ်ခဲ့ရတာ။ စဉ်းစားတတ်တဲ့အရွယ်ရောက်မှ ကဗျာတွေဆိုတာ နှုတ်တိုက်ကျက်လည်း နှလုံးသားက နှောကျေမနေရင် မရဘူးဆိုတာ သိခဲ့ရတာ။ အမှန်တော့ ကဗျာတွေက အစ်ကိုအင်မတန်သဘောကျရတဲ့ အရာတွေထဲက တစ်ခုပါဘဲ။ ကဗျာတွေက သိပ်ကို တန်ဖိုးရှိတဲ့ အရေးအသားတစ်ခုဘဲလေ။ ကိုယ့်ရဲ့ခံစားချက်နဲ့ ထပ်တူပြုနေတဲ့ ကဗျာလေးတွေကိုများ တွေ့ပြီဆိုရင်လေ အဲ့ကဗျာလေးကိုဘဲ မငြီးမငွေ့ဖတ်တတ်တဲ့ အကျင့်‌တောင် အစ်ကို့မှာ ရှိသေးတယ်။ ကဗျာတွေဟာ စိတ်ကူးယဉ်သက်သက်ပါဘဲ‌လို့ ပြောဖူးတဲ့ တစ်စုံတစ်‌ယောက်ကြောင့် အစ်ကိုသဘောကျတဲ့ကဗျာတွေကို ချမပြရဲတော့ဘူး။ ဘယ်လိုပြောမလည်း... ကဗျာတွေကို အဲ့လိုပြောရင် အစ်ကို့ကိုပါ စော်ကားလိုက်သလိုဘဲမို့ အဲ့လိုလူတွေနဲ့ ဝေးဝေးရှောင်ချင်မိတယ်...ရှိုင်းရယ်။"

~~Wanna Be YOURS~~Where stories live. Discover now