ဒီနေ့ ရှိုင်း စိတ်လှုပ်ရှားနေခဲ့သည်။ အစ်ကိုဗီတာနှင့် အတူတူ မိဘမဲ့ဂေဟာကို သွားကာ ကလေးတွေကို မုန့်လှူမည့် အစီအစဉ်ကြောင့် ဖြစ်သည်။
ဒီဘ၀မှာ အလှူအတူတူလုပ်ပြီး ကုသိုလ်တွေယူရင် နောက်ဘ၀တွေလည်း ထိုကုသိုလ်တွေကြောင့် ရေစက်ဆုံနိုင်မည်ဟု ပါးစပ်ရာဇ၀င်တွေအရ ရှိုင်း ကြားဖူးခဲ့သည်။
ဗုဒ္ဓဘာသာ၀င်တစ်ယောက်ဖြစ်တာကြောင့် ထိုကဲ့သို့သော တန်ပြန်သက်ရောက်မှု၊ ကံကံ၏အကျိုးကို ယုံကြည်သည်။ နောက်ဘ၀အထိ မဟုတ်သော်ပင် ယခုလိုရခဲလှသောဘ၀မှာ အစ်ကိုနဲ့ ရေစက်ဆုံခြင်းဟာလည်း ကောင်းသောဆုလာဘ်တစ်ခုပင် မဟုတ်ပါလား။ရှိုင်း ပြုံးလာမိသည်။ တစ်ဆက်တည်းမှာပင် ရင်တွေခုန်လာသည်။ ကိုယ်သဘောကျရသူနှင့် အလှူလုပ်ခြင်းဟာလည်း ကုသိုလ်ထူးပင်ဖြစ်သည်လေ...
"ပစ္စည်းတွေ အကုန်လုံး ကားပေါ်မှာဘဲ ထားခဲ့တော့မယ်။ ပြီးမှ အစ်ကို့ကို မေးပြီး ပြန်စီစဉ်ကြမယ်နော်!။"
ခန့်ကို၏ အော်သံကြောင့် ရှိုင်းအတွေးရပ်ကာ ကားပေါ်ကဆင်းလိုက်တော့သည်။
အခု သူတို့ရောက်နေသည့်နေရာမှာ ဗီတာ၏ ပရဟိတအဖွဲ့၀န်းထဲဖြစ်သည်။
ပရဟိတအသင်း၀န်းထဲဆီသို့ ရှိုင်း၊ ခန့်ကို၊ ကောင်းမြတ်နှင့် ဇင်ယော်တို့ ၀င်လာကြသည်။
ခြံ၀န်းထဲတွင် လုံးချင်းအိမ်လေးတစ်ဆောင်သာရှိသော်ငြား
လည်း သပ်သပ်ရပ်ရပ်ရှိကာ အေးချမ်းသည့်နေရာဖြစ်သည်။နွေဦးမို့ ခြံထဲရှိ စိန်ပန်းပင်ကြီးမှာ တစ်ပင်လုံး အနီတွေ ရဲရဲတောက်နေခဲ့သည်။ စိန်ပန်းပင်ကိုမြင်တော့ အဆိုတော် ဆောင်းဦးလှိုင်၏ "လွမ်းရယ်မပြေ" ဆိုသည့် သီချင်းကို နားထဲ ကြားယောင်လာမိသလ်ိုခံစားရသည်။
စိန်ပန်းနီနီေတွအပြင် ရှိုင်း၏ မျက်လုံးကို ဆွဲဆောင်လိုက်သည့် ပန်းပင်မှာ နှင်းဆီနီနီတွေပင်ဖြစ်သည်။ နှင်းဆီအိုးနှင့် စိုက်ထားခြင်းမဟုတ်ဘဲ ခြံ၏ ပတ်ပတ်လည်ကို ထိုနှင်းဆီပန်းတွေနှင့် ၀န်းရံထားသဖြင့် မျက်လုံးထဲကို ထင်းကနဲ၀င်ရောက်လာသည်။ နှင်းဆီနီကြိုက်သည့် ရှိုင်းအတွက်တော့ အပြေးလေး ထိုအခင်းဆီကို ရောက်အောင်သွားလိုက်သည်။
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...