"ဟေ့ရောင် ဇော်ရှိုင်းထက်...အဲ့လောက်ငိုက်မနေနဲ့လေကွာ!"
သူငယ်ချင်းဖြစ်သူ ဇင်ယော်ဦးက အော်လိုက်တာကြောင့် စာသင်ခန်းထဲတွင် အိပ်ငိုက်နေသည့် ရှိုင်း လန့်နိုးလာသည်။
မနေ့ညက ဟိုလူကြီးအကြောင်း တွေးနေတာနဲ့ တော်တော်နှင့် အိပ်မရသည်မို့ ဂိမ်းထိုင်ဆော့လိုက်တာ မနက်မိုးလင်းမှ အိပ်ပျော်သွားခဲ့သည်။ အကျိုးဆက်မှာ အတန်းထဲတွင် လူမှန်းသူမှန်းမသိအောင် အိပ်ငိုက်နေခဲ့တော့သည်။အဲ့ဒါကို သိရက်နဲ့ တစ်တန်းလုံး ကြားအောင် အချွန်နဲ့မနေသည့် သကောင့်သား ဇင်ယော်ဦးကို ရှိုင်း အသံတိတ်ဆဲလိုက်မိသည်။
ဇင်ယော်ဦး အော်သည့်အသံကို ကြားတော့ ဆရာမက ရှိုင်းကို စနောက်ကာ ရွဲ့၍ရယ်သံေနှာေနှာနှင့်ပြောတော့သည်။
"ဇော်ရှိုင်းထက်ရယ် ကျူတိုရီရယ်(tutorial)ဖြေဖို့ ညက စာတွေ ညလုံးေပါက်လုပ်ခဲ့တယ်ထင်တယ်။ ကျွတ်...ကျွတ်...ဆရာမရဲ့တပည့်လေးက စာတွေ အရမ်းကြိုးစားနေတော့ အတန်းထဲမှာတောင် အိပ်နေပြီ။"
"အတန်းထဲမှာတော့ ရှိုင်း မအိပ်ပါဘူး ဆရာမကလည်း။
ရှိုင်းက ငိုက်ရုံေလးဘဲ ငိုက်တာပါဗျာ။"ရှိုင်းနဲ့ ဆရာမရဲ့ အပြောကြောင့် ရှိုင်းအကြောင်းသိသည့် အတန်းထဲကလူတွေအားလုံး ခွက်ထိုးခွက်လန် ဖြစ်ကုန်ကာ ရှိုင်းကို စနောက်ကြတော့သည်။ ရှိုင်းအတွက်တော့ ဒီလိုကိစ္စတွေက ဖြစ်နေကြမို့ တစ်တန်းလုံး ဝိုင်းရယ်လည်း ရှက်မနေတော့ပါ။ သူကလည်း ပျော်ပျော်နေတတ်သည့်သူမို့ ဒီလိုအကြောင်းအရာမျိုးကို ရှက်စရာလို့ မမြင်ေတာ့ပါ။
ကိုယ့်ကိုယ်ကိုယ်မို့ မြှောက်ပြောတာမဟုတ်ပေမယ့် ရှိုင်းက တစ်တန်းလုံးရဲ့ ချစ်မွှေးလေးေလ။ ပေါ့ပေါ့ပါးပါးနှင့် တက်တက်ကြွကြွနေတတ်သည့်သူ ဖြစ်တာကြောင့် ယောက်ျားလေးများနှင့်သာမက မိန်းကလေးတွေနှင့်ပါ ရင်းနှီးသည်။
ရုပ်ခံလေးကလည်း ချောတဲ့အထဲပါတာမို့ ရှိုင်းတို့
မေဂျာ(major)က မိန်းကလေးတွေအပြင် တစ်ခြားအတန်းက မိန်းကလေးတွေရဲ့ ပါးစပ်ဖျားမှာပါ ရှိုင်းက ရေပန်းစားသည်။ တစ်ခါတစ်ခါဆိုလျှင် ယောက်ျားလေးအချို့ကပင် ရည်းစားတော်ချင်ပါကြောင်း ဖွင့်ပြောကြသည်။ ရှိုင်းက တက္ကသိုလ်မှာဆို ထိုအထိပင် နာမည်ကြီးသည်လေ။သို့သော် ရှိုင်းကတော့ ဖွင့်ပြောကြသည့် သူများကို
ပြုံးပြုံးချိုချိုကလေးပင် ငြင်းတတ်သည်။
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...