ရှိုင်း အဆင်ပြေသွားပြီလား....
ဘယ်လိုဖြစ်သွားတာလည်း...
မင်းရော ရှိတယ်မလား ကောင်းမြတ်....
မင်းနားရင် နားလိုက်တော့လေ...
ခေါက်ဆွဲလည်း ၀ယ်လာတယ်...
ငါတို့ဆက်စောင့်လိုက်မယ်....
ရှိုင်း၏အာရုံထဲတွင် စကားသံတွေ ဝိုးတိုးဝါးတားနှင့် ကြားနေရသည်။ သို့သော် မျက်လုံးကို မဖွင့်နိုင်သေးပါ။ လက်ကိုတော့ အနည်းငယ် လှုပ်ရှားလိုက်ပါသည်။ အသက်ကို ဖြေးဖြေးမှန်မှန်ရှူဖို့ ကြိုးစားနေရသည်။ အာရုံကြောအစဉ် တည်ငြိမ်ပြီဆိုမှ မျက်ခွံတွေကို ဖြေးဖြေးချင်း ဖွင့်ကာ ဘေးဘီကို ဝဲကြည့်လိုက်ပြန်ပါသည်။ ဆေးရုံကို ဘာအကြောင်းကြောင့် ရောက်နေမှန်း သူသိပါသည်။ မေဆိုသည့် မိန်းမကြီးနဲ့ စကားများကာ ရှိုင်းသည်လည်း မူးဝေလာပြီး ကိုယ်ခန္ဓာကြီးသည် ဘုန်းကနဲ ဆိုင်ထဲတွင် လဲကျသွားသည်ကို မှတ်မိလိုက်သည်။ ထို့နောက် သူ့ကို လူများအုံ၍ ဝိုင်းထူကြသည်အထိ သတိရသေးပါသည်။ သို့သော် နောက်ပိုင်းကိစ္စတွေကိုတော့ မသိတော့ချေ။
"ကောင်းမြတ်...ငါ ရေသောက်ချင်တယ်။"
ရှိုင်းအသံကိုကြားတော့ ဆေးရုံမှာရှိသည့် ရှိုင်း၏ မိသားစု၀င်များနှင့် သူငယ်ချင်းအုပ်စု ၀မ်းသာသွားကြပါသည်။ ရှိုင်းသည် သူ့ရပ်၀န်းလေးတွင်တော့ အငယ်ဆုံးနှင့် အဖိုးတန်လေးဖြစ်တာမို့ အားလုံးက စိတ်ပူခဲ့ကြရပါသည်။
"ဟယ်...သားလေး... သတိရလာပြီတော့ ဖေကြီးရေ!"
"ဟုတ်ပါ့ကွာ! ငါတို့သားလေး သတိရလာပြီ။ သားကြီးရေ ဆရာ၀န်ကို သွားခေါ်လိုက်ပါဦး!"
"ကိုကိုရှိုင်း သတိရလာပြီ!ဟေး! "
"ဇော်ရှိုင်းထက် သတိရပြီတဲ့ကွ! ကောင်းမြတ် ခေါက်ဆွဲစားနေတာ ခနရပ်ဦး! လာခဲ့!"
အားလုံး ရှိုင်းအနားတွင် အုံလာကြသည်မို့ ရှိုင်း၏ ခေါင်းတွေပြန်မူးလာပါသည်။ တစ်ယောက်တစ်ပေါက်နှင့် ၀မ်းပန်းတသာ ပြောနေကြသည့် မြင်ကွင်းသည် ထိုမိသားစုကြားမှ ချစ်ခင်မှု၊ ဂရုစိုက်မှုတွေကို အတိုင်းသားမြင်နေရလေသည်။
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...