အဖြူရောင်အကျီပွပွအပါးလေးကို နက်ကတိုင်ကလေးနှင့် ပေါ့ပေါ့ပါးပါး၀တ်ထားသည့် ရှိုင်းသည် အထက်တန်းကျောင်းသားကလေးနှယ် မနက်စောစောနေရောင်ခြည်နှင့်အတူ ပေါ့ပါးသွက်လက်နေပါသည်။ ဆေရုံးက ဆင်းပြီးနောက်ပိုင်း ရှိုင်းသည် ပိန်ပိန်းပါးပါးကလေးဖြစ်သွားကာ မျက်နှာကလေးမှာ ဇီးရွက်လောက်ကလေးသေးသွားသော်လည်း အသားအရေမှာ အိမ်တွင်းအောင်းခဲ့ရ၍ ဖြူ၀င်းလာပါသည်။ သို့ေသာ် ပို၍ပင် ချောလာေလသည်။ မှန်ထဲမှ ကိုယ့်ကိုကိုယ်ကြည့်ရင်း ရှိုင်းတစ်ယောက် ကျေနပ်နေမိပါသည်။ စိတ်ကလေးမှာလည်း ပျော်နေလေသည်။ အကြောင်းမှာ ဗီတာနှင့် အပြင်သွားရန် ချိန်းထား၍ပင် ဖြစ်သည်။
အမြန်ပင် အိမ်မှ ထွက်လာကာ ဗီတာနှင့် ချိန်းထားသည့် ဆိုင်ကလေးသို့ သွားလိုက်ပါသည်။ သူရောက်တော့ ဗီတာသည် ရောက်နှင့်နေလေပြီ။ မိုးပြာရောင် ပိုလိုရှပ်ကို ၀တ်ထားသည့် အစ်ကိုဗီတာသည် ရှိုင်းမျက်လုံးထဲတွင် အမြဲတစေ ကြည့်ကောင်းနေပါသည်။ သူ့ကို တွေ့တော့ ပြုံးပြလာသည့် မျက်နှာပိုင်ရှင်သည် ဘေးကမိန်းကလေးတွေပါ ငေးရလောက်သည်အထိပင် ခန့်ညးနေလေသည်။ ဒါကြောင့်ပင် အစ်ကိုဗီတာ့ကို သူစိတ်ထဲမှ သ၀န်တိုခြင်းပင်။ ပိုင်များပိုင်ဆိုင်ရလျှင် အတော်ပင် သ၀န်တိုမိလိမ့်မည်ဖြစ်ပါသည်။
"ရှိုင်း နောက်ကျသွားလားဗျ။"
"မကျပါဘူးနော်။ အစ်ကိုက ကားပိတ်မှာဆိုးလို့သာ ကြိုထွက်လာရတာ။"
"ဟုတ်တယ်... ရှိုင်းလာတော့တောင် ကားတွေက ကြပ်နေပြီ။ အစ်ကိုဗီတာ ဘာစားပြီးပြီလည်းဗျ။"
"အစ်ကိုက ရှိုင်းကို စောင့်နေတာ။ ရှိုင်းလာမှ အတူတူမှာမလားလို့ပါ။"
ဗီတာသည် ဝိတ်တာကောင်မလေးကို ခေါ်လိုက်ကာ မနက်စာမှာလေသည်။
"အစပ်လျှော့ပေးနော် ညီမ။ သူက အစပ်သိပ်မစားနိုင်ဘူးရယ်။"
ဂရုတစိုက်မှာနေသည့် ဗီတာနှင့် ပြုံးပြုံးကလေး ခေါင်းညိမ့်ပြနေသည့် ရှိုင်းတို့နှစ်ယောက်ကို ကြည့်ကာ ဝိတ်တာမလေးသည် သဘောကျနေမိပါသည်။ အတော်ပင် လိုက်ဖက်ညီလွန်းလှသည်မို့ အတွဲဟုပင် ထင်လိုက်မိသည်။ ဒီလိုမျိုး လိုက်ဖက်သည့် ယောက်ျားလေးနှစ်ယောက်သာ တွဲလျှင် သူတို့မိန်းကလေးတွေ တစ်ဖက်သတ်ခံစားရလည်း အဆင်ပြေသည်လေ။
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...