ဘိုးဘွားရိပ်သာမှ ပြန်လာပြီးသည်ကတည်းက ရှိုင်းနှင့် ဗီတာ တွေ့ဆုံရတာ ကျဲသွားခဲ့သည်။ ရှိုင်းမှာလည်း နှစ်၀က်စာမေးပွဲရှိနေတာမို့ စာကိုသာ အာရုံစိုက်နေရသည်။ အရင်နေ့တွေကလို ဟေးလားဝါးလားနှင့် လုပ်နေလို့ မရတော့တာေကြာင့် ဗီတာနှင့် တွေ့သည့်အချိန်က နည်းလွန်းပါသည်။ သို့သော်ငြား တွေ့ခဲ့သည့် အခေါက်တိုင်းတွင်တော့ အမှတ်တရဖြစ်စရာတွေ များလှလေသည်။
ထိုအမှတ်တရများစွာထဲမှ တပေါင်းလပြည့်နေ့မတိုင်မီကနှင့်လပြည့်နေ့သည် ရှိုင်းအတွက်တော့ ပိုပြီး အမှတ်ရနေပါလိမ့်မည်။
တပေါင်းလပြည့်နေ့မတိုင်မီညနေခင်းတစ်ခု၌ ရှိုင်းအိမ်သို့ ဗီတာနှင့် ဇင်ယော်တို့သူငယ်ချင်းသုံးယောက် ရောက်ချလာခဲ့ကြပါသည်။ ကြိုအကြောင်းမကြားထားကာ ရုတ်တရက်မို့
ရှိုင်းမှာ အတော်အံ့ဩသွားသည်ဟုပြောရမည်။ အထူးသဖြင့် ဗီတာပါ အိမ်သို့ ရောက်လာခြင်းကြောင့်ဖြစ်သည်။ဗီတာတို့ ရောက်တော့ ရှိုင်းမှာ ကလေးနှစ်ယောက်နှင့် UNO ကစားနေခဲ့ပါသည်။ ကလေးတွေနှင့် ဆော့ေနေပမယ့်ကလေးဗိုလ်ဖြစ်သည့်တိုင် ကလေးတွေနှင့် အပြိုင်ငြင်းကာ
ဂိမ်းကစားနေခဲ့လေသည်။ဇင်ယော်တို့ရောက်ကာ အော်ခေါ်မှ သိရသည့်အဖြစ်ပင်။
"ရှိုင်း! စာတွေကြိုးစားနေတာလား ဟေ့!"
ထိုပချိန်ထိတိုင် ဗီတာပါလာမှန်းမသိသေးသည်မို့ ဇင်ယော်တို့ကို အော်ကာ ဂိမ်းဆက်ကစားနေေသးပါသည်။
"ဒီမှာ! ပွဲကြီးပွဲကောင်းေဟ့။ လာမနှောင့်ယှက်ကြနဲ့! ငါနိုင်တော့မှာ ဟားဟား!"
"ကိုကိုကလည်း သက်တံ့နိုင်မှာပေါ့။ သက်တံ့က one cardသမားလေ။ ကိုကို့ လက်ထဲမှာကို ကဒ်တွေက မဆံ့တော့ဘူး..ဟိဟိ။"
ရှိုင်းစကားကို သက်တံ့လေးက လှောင်သလိုလို၊ပြောင်သလိုလို ပြန်စေလသည်။
"အမယ်...သက်တံ့နော်.. ကိုကိုက ကလေးနှစ်ယောက်ကို သနားလို့ လက်နက်တွေမထုတ်ချင်သေးလို့ ငြိမ်နေတာ။ ဒီဟာတွေက ကိုကိုငယ်ငယ်ကတည်းက ဆော့လာခဲ့တာ...အေးဆေး..အေးဆေး။"
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...