စိန်ပန်းပင်ကြီးအောက်ရှိ ခုံဝိုင်းကြီးတွင် ရှိုင်းတို့အုပ်စုနှင့် တကွ၊ ခိုင်နှင့် ဆုဆုတို့ပါ ထိုင်ကာ မတွေ့ခဲ့ရသေးသည့် အတောအတွင်း ပြောစရာစကားများ မကုန်နိုင်အောင် ရှိနေကြသည်။ သို့သော် ထိုစကားဝိုင်းတွင် ဗီတာတော့မလာသေးပါ။ ဒီနေ့မှာ အဖွဲ့ရဲ့ ရုံးခန်းဖြစ်သည့် ခြံ၀င်းလေးထဲမှာ လူစုံတက်စုံတွေ့ကြဖို့ ဖုန်းဆက်ထားပေမယ့် အခုထိမလာသေးသည်မို့ ခိုင်ကတော့ ဗီတာကို စိတ်တိုနေပြီဖြစ်သည်။ ကလေးတွေလည်းရှိသည်ကို နောက်ကျနေသူ သူငယ်ချင်းကို ခေါင်းတွေသာ ပြေးခေါက်ချင်နေမိသည်။
"မမခိုင် အစ်ကိုဗီတာက ဘာလို့မလာတာတဲ့လည်း။"
ရှိုင်းက သိချင်စိတ်နှင့် မေးမိသည်။ သူဒီခြံထဲကိုရောက်ကတည်းက ဗီတာ့ကိုမတွေ့ရသေးသည်မို့ မျှော်နေမိသည်။
"လာမှာပါတဲ့။ အပြင်ရောက်နေလို့တဲ့လေ ရှိုင်းတို့ရယ်။"
"ဪ...ဟုတ်။"
ခိုင်ကစကားကို ဆက်မေးသည်။
"ဒါနဲ့ ရှိုင်းတို့အုပ်စု ဖြေနိုင်ကြရဲ့လား။ တစ်နှစ်ထက်တစ်နှစ်တော့ ခက်လာမှာပေါ့။ ဒါပေမယ့် မင်းတို့ ကောင်းကောင်းဖြေနိုင်ခဲ့မယ်ဆိုတာတော့ အမ ယုံပါတယ်။"
အားပေးစကားလိုလို အမေးစကားကို ပြောလာသည့် မမခိုင်ေကြာင့် ရှိုင်းတို့ အုပ်စု ခေါင်းကုပ်နေကြရသည်။
စာမေးပွဲခန်းထဲက ထွက်သည်ကတည်းက စာတွေအကုန်မေ့ပစ်ထားခဲ့ကြကာ ခေါင်းထဲ ထိုအကြောင်းအရာတွေရှိမနေသည်မို့ မည်ကဲ့သို့ ဖြေကြရမည်ကို အကုန်လုံးစဉ်းစားနေကြသည်။ မည်သူမျှမဖြေခင်မှာပင် ဆုဆုက ၀င်ပြောသည်။"ရှိုင်းနဲ့ ဇင်ယော်ကတော့ ဖြေနိုင်ကြမှာပါ။ ဒီနှစ်ယောက်တော့ စာမလုပ်ကြဘဲ ဟိုအိမ်နဲ့ ဒီအိမ်ကူးနေကြကတည်းက ဆုဆုကတော့ ဖြေနိုင်လားလို့ မမေးရဲတော့ဘူး။"
ဆုဆုစကားကြောင့် အကုန်လုံး ပွဲကျသွားကြပေမယ့် မရယ်နိုင်သူကတော့ ခန့်ကိုနဲ့ ကောင်းမြတ်ပင်။
"မမဆုကလည်း ကောင်းမြတ်တို့စာလုပ်တဲ့အချိန်ရော မမဆုက လာကြည့်လို့လား။"
YOU ARE READING
~~Wanna Be YOURS~~
Fanfic"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...