"ရှိုင်း...ဟိုဘက်က မုန့်ဗန်းသွားယူပေးဦး။"
သက်ြန်စာမုန့်လုံးရေပေါ်လုံးနေသည့် ရှိုင်းကို မီးဖိုနားတွင် တာ၀န်ယူရသည့် ခန့်ကိုက တက်တက်ကြွကြွနှင့် ပြောသည်။
ခန့်ကိုတင်သာမက ရှိုင်းတို့တစ်အုပ်စုလုံးတက်ကြွနေကြသည်ပင်ဖြစ်သည်။မုန့်လုံးရေပေါ်သည် သက်ြန်၏ကိုယ်စားပြုအစားအစာတစ်မျိုးဖြစ်ကာ ထိုမုန့်လုံးရေပေါ်ကို ကိုယ်တတ်နိုင်သလောက် လုံးကြ၍ အနီးအနားရှိအိမ်များ၊လူများသို့ ဝေငှခြင်းသည်လည်း မြန်မာလူမျိုးတို့၏ ချစ်စရာဓလေ့တစ်ခုပင်ဖြစ်လေသည်။
သက်ြန်အချိန်အခါတွင် ရပ်ကွက်များ၌ သူသူငှာငှာ သက်ြန်စာများ စီစဉ်ကြကာ အများပြည်သူများစားသုံးရန် စတုဒီသာအဖြစ် ကုသိုလ်ယူကာ ဝေငှကြသည်။ ထိုကဲ့သို့ဝေငှသည့်အခါတွင် အလှူလုပ်သည့်သူမှာလည်း သဒ္ဓါတရားထက်သန်စွာ ကြည်ကြည်ဖြူဖြူ လူမျိုးမခွဲခြားဘဲ လှူတတ်ကြသလို စတုဒီသာစားကြသည့် သူများမှာလည်း ရှက်စိတ်နှင့် မယူကြဘဲ အပြုံးများနှင့်သာ စားသုံးကြသည့်အခါအလှူရှင်၏ စိတ်တွင် ပီတိပိုဖြာစေပါသည်။ဤကဲ့သို့ပင် ရှိုင်း၏စိတ်တွင်လည်း ချစ်စရာဓလေ့တစ်ခုဖြစ်သည့် စတုဒီသာအလှူကို လှူရသည့်အတွက် အတော်ပင် ကြည်နူးမှုကို ခံစားမိနေပါသည်။ အထူးသဖြင့် အစ်ကိုဗီတာ၏ အိမ်တွင် မိသားစု၀င်များနှင့်အတူတူ ရင်းနှီးစွာ လုပ်ကိုင်နေရသည့်အတွက် ပို၍ပင် အပျော်များကြီးထွားနေပါသည်။
"ဘာလိုသေးလည်း မမခေတ်ဆု။"
အနားကပ်ကာ တိုးတိုးလေးမေးလာသူရှိုင်းကြောင့် မုန့်လုံးလုံးနေသည့် ခေတ်ဆုသျှင်တစ်ယောက်လန့်သွားပါသည်။
"လန့်လိုက်တာ ရှိုင်းရယ်...။ လိုတာကတော့ ဆန်မုန့်ဘဲ ရှိုင်းရေ...။ ဒီတစ်ဗန်းပြီးရင်ကုန်ပြီလေ။"
"ဟုတ် မမခေတ်ဆု။ လိုရင် ရှိုင်းသွား၀ယ်လိုက်မယ်လေ။"
"အမယ်လေး...ငါ့မောင်ရယ်....တစ်ယောက်တည်းတော့ မသွားပါနဲ့ကွယ်။ ဗီတာ့ကို ခေါ်သွား...ဟုတ်ပြီလား။ နောက်ပြီးသူက အဲ့ဆိုင်က အဒေါ်ကြီးနဲ့ရင်းနှီးတယ်။ ဗီတာသာပါရင် ပိုထည့်ေပးမှာ...ဟင်းဟင်း...အဲ့အဒေါ်ကြီးက ဗီတာ့ကို သမက်တော်ချင်နေတာလေ....ဗီတာ သူ့ဆိုင်သွားရင် ဈေးမရောင်းဘူးရယ်...သူ့သမီးနဲ့ အတင်းမိတ်ဆက်ပေးတာ
ေတာ့....။"
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...