~~ရင်ထဲ မင်းကြည့်လိုက် အချစ်ရယ်...
မောပန်းလွန်းနေပြီ...
အချစ်အကြောင်းမသိတဲ့ မင်းရဲ့ အပြုံး...
ရင်ကို ခြွေတဲ့ပန်းများပွင့်..
နှလုံးသားလှတဲ့ အကြည့်တွေ...
ငါရင်ဆိုင်နိုင်ဖို့မလွယ်...~~အဆိုတော်ဖိုးကာ၏ သီချင်းသံက တလွင့်လွင့်နှင့်
ရှိုင်း၏ အခန်းငယ်ေလးထဲတွင် ပျံနှံနေခဲ့သည်။ ဒီရက်ပိုင်းတွင် ခေတ်ပေါ်သီချင်းများထက် လွန်ခဲ့သော နှစ်များအတွင်းထွက်ခဲ့ေသာ တေးသံတွေက ရှိုင်း၏ခံစားချက်တွေကို ပိုပြီး ပုံဖော်ပေးနိုင်သည်ဟု ထင်မိသည်။"~မင်းနဲ့ နီးချင်ပြီ...မင်းအချစ်ရချင်ပြီ...
ရင်မှာ အကြောင်းပြချက် ဘာမှမရှိ..ချစ်ခဲ့မိ..~"ရှိုင်း သီချင်းကိုပါ လိုက်ညည်းရင်း အတန်းတက်ဖို့ပြင်ရသည်။ ဒီနေ့ အရေးကြီးသည့်အရာဟူ၍ ကျူတိုရီရယ်သာရှိသည်။
ကျူတိုရီရယ်ဖြေပြီးလျှင်တော့ ဆိုင်ကို၀င်ကာ လချုပ်စာရင်းတွေ စစ်ပေးရဦးမည်။ ပုံမှန်လည်း ရှိုင်းဘဲ စစ်ပေးရသည်မို့
ခန့်ကိုတို့ကို အထူးတလည် ေခါ်မနေတော့ပါ။"ကိုကို....မေမေခေါ်နေတယ်။ မနက်စာစားရင်း ပြောစရာလေးရှိလို့တဲ့။"
သက်တံ့၏ ခေါ်သံကြားတော့ သီချင်းအမြန်ပိတ်ကာ အောက်ထပ်ကိုဆင်းရသည်။
"ကိုကိုလာခဲ့မယ်နော်..စာအုပ်တွေ ထည့်လိုက်အုံးမယ် ခန။"
အောက်ထပ်ရောက်တော့ သက်တံ့တို့မေမေ မမဖြူက မနက်စာပြင်ရင်း စောင့်နေသည်။
မမဖြူက နာမည်နှင့် လိုက်အောင် အသားအရည်မှာ ဖြူဖြူ၀င်း၀င်းဖြစ်ကာ ရုပ်ရည်လှပသည့် အိမ်ထောင်ရှင်မကောင်းတစ်ဦးဖြစ်သည်။ သက်တံ့တို့၊ရောင်ခြည်တို့အပေါ်တွင်သာမက ရှိုင်းေဖေဖနှင့် မေမေတို့အပေါ်တွင်လည်း သမီးအရင်းတစ်ဦးလို ပြုစုစောင့်ရှောက်သူဖြစ်လေသည်။
ရှိုင်းကိုဆိုလျှင်လည်း အမတစ်ယောက်လို ဂရုစိုက်ပေးရှာသည်။မေမေကတော့ မမဖြူလို ချွေးမတစ်ဦးရှိသည်မှာ ကံကောင်းသည်ဟု အမြဲကြွားဝါတတ်တော့ ရှက်တတ်သည့် မမဖြူမှာ ထိုအချိန်ဆိုလျှင် ရယ်ကျဲကျဲနှင့်သာ နေရသည်။
ရှိုင်းကိုလည်း မိန်းမယူလျှင် ထိုကဲ့သို့ မိန်းမမျိုးသာ ယူရန် နားချတတ်သေးသည်။ အရင်တုန်းက ပုံစံနှင့်သာဆိုလျှင်တော့ မေ့မေ့စကားကို လက်ခံမိခဲ့ပေမယ့် ဒီရက်ပိုင်းတွေထဲ ထိုကဲ့သို့ မေပြာချင်တော့ပါ။
YOU ARE READING
~~Wanna Be YOURS~~
Fanfiction"အချစ်တွေသာ စစ်မှန်ရင် သေးသေးမွှားမွှားလေးတွေကအစ လှပနေတာမျိုး... စိတ်ကောက်နေရင် ဆူပုတ်သွားသည့် နှုတ်ခမ်းပါးပါးလေးတစ်စုံကအစ... ရင်ဘတ်ပေါ်က မှည့်လေးအဆုံး... အင်း... လက်ချာင်းသွယ်သွယ်ကလေးတွေက ထပ်ဆောင်း... ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးမှပင်...