☕1☕

6K 241 89
                                    

Unicode

CEO Kim Taehyung.... ။

ကင်မ်ထယ်ယောင်းက သူ့ရဲ့အဆောက်အအုံရဲ့မှန်ပေါ်ကျဆင်းနေတဲ့ မိုးရေစက်လေးတွေကို လိုက်ကြည့်နေမိသည်။

မိုးရေစက်လေးတွေကို ကြည့်နေရင်း အနောက်က အတွင်းရေးမှူးဂျန်ခေါ်သံကြောင့် မိုးရေစက်တွေမှအကြည့်လွှဲလိုက်မိသည်။

"CEO Kim...သူဌေးကြီးကင်မ် ရောက်နေပါတယ်..."

"အင်း ဝင်ခိုင်းလိုက်..."

ထယ်ယောင်းအပြောကြောင့် အတွင်းရေမှူးဂျန်က တံခါးအားအလျှင်အမြန်သွားဖွင့်ကာ သူဌေးကြီးတစ်ဖြစ် ထယ်ယောင်းအဖေအား အခန်းထဲသို့ခေါ်လာလိုက်သည်။

"ဘာကိစ္စရှိလို့လာတာလဲ ဖေဖေ..."

"ကိုယ့်သားစီ ကိုယ်လာတာ ကိစ္စရှိမှလာရမှာလား..."

"မဟုတ်ပါဘူး ကိစ္စရှိရင်အိမ်မှာမပြောပဲ ဒီမှာလာပြောတက်လို့လေ..."

ထယ်ယောင်းအပြောအား ထယ်ယောင်းအဖေက ခပ်ထေ့ထေ့ပြုံးကာဖြင့်...။

"ချစ်ရမဲ့သူရှိနေပြီလား..."

"ငယ်ငယ်ရွယ်ရွယ်နဲ့ Company ကိုကျွန်တော့်စီ ထိုးထည့်ခဲ့တဲ့ဖေဖေကြောင့် ခုထိရည်းစားထားလို့မရအောင်အလုပ်များနေတယ် ဖေဖေ..."

ထယ်ယောင်းအပြောအား ထယ်ယောင်းအဖေက ဒုတိယအကြိမ် ထပ်မံပြုံးပါသည်။

"အင်း...မရှိဘူးဆိုတော့လဲ ငါကပဲ မင်းကိုအိမ်ထောင်ဖက် စီစဉ်ပေးရတော့မှာပဲ..."

ထိုစကားကြောင့် ထယ်ယောင်းဒေါသထွက်သွားရကာ...။

"ကျွန်တော့်ကို ငယ်ငယ်ထဲက စာမှစာလုပ်ခိုင်းပြီး အသက်ကြီးလာတော့လဲ ကိုယ်ချစ်တဲ့လူကိုယ်မရွေးရပဲ ဖေဖေစီစဉ်ပေးတဲ့ အိမ်ထောင်ဘက်ပဲ တွေ့ရမယ်ပေါ့....

"ဒါပေါ့ သေချာပေါက် ငါပြောတဲ့သူနဲ့ပဲတွေ့ရမယ်..."

"လွန်တယ်မထင်ဘူးလား အရာရာဖေဖေစိတ်တိုင်းကျလုပ်နေတာကလေ..."

"မထင်ပါဘူး ခုငါလုပ်နေတာက မင်းကောင်းဖို့အတွက်ကြီးပဲ..."

"အမြဲတမ်း မင်းကောင်းဖို့အတွက်ဆိုတဲ့ စကားကိုပဲထည့်မပြောပါနဲ့ Company ကထားပါတော့ ဖေဖေ့နောက်မိန်းမရဲ့ သားလက်ဝါးကြီးအုပ်မှာဆိုလို့ ကျွန်တော်ကိုလုပ်ခိုင်းတယ်ပဲထား ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာထိတော့ ဖေဖေဝင်မပါပါနဲ့..."

♡Marriage in rainy season♡(Completed )Where stories live. Discover now