☕18☕

2.1K 140 36
                                    

Unicode

နှစ်ရက်လောက်နားပြီးတော့ ဂျောင်ဂုရဲ့တေးထည့်ပေးကာ ဆေးတိုက်ပေးမှုကြောင့် ထယ်ယောင်းမြန်မြန်သက်သာလာကာ ရုံးပြန်တက်နေပြီဖြစ်သည်။

ဂျောင်ဂုကတော့ Uniပြန်တက်ကာ ဘွဲ့ရအောင်လုပ်ပြီး သူ့အဖေ Company ဝင်မယ်ဟုပြောသည်။

ထယ်ယောင်း ...ဂျောင်ဂူနဲ့လက်ထပ်ပြီးရင် ရန်ဖြစ်နေရမယိထင်ထားသော်လည်း ဂျောင်ဂုဘက်က ဒီရက်ပိုင်းအတွင်းသိသိသာသာအလျှော့ပေးလာကာ စကားနာလဲမထိုးတော့သဖြင့် သူတို့နှစ်ယောက်တည့်တာမျိုးမဟုတ်ပေမဲ့ မေးထူးခေါ်ပြောလောက်နှင့် အဆင်တော့ပြေနေသေးသည်။

ဘယ်နေ့ထဖောက်မလဲမသိပေမဲ့ပေါ့...။

ထယ်ယောင်း ပျက်ထားတဲ့ရက်တွေအတွက် လုပ်နေရတာ ည၆နာရီကျော်သွားကာ ညနေစာမစားရသေးသောကြောင့် အလုပ်လုပ်တာကို ရပ်ကာ အိမ်ပြန်ရန် ကားပါကင်သို့ဉီးတည်လိုက်သည်။

ကားပါကင်ရောက်တော့ ထယ်ယောင်းကားကို ကျောမှီကာ ဆေးလိပ်သောက်နေသော ဂျောင်ဂုကြောင့် ထယ်ယောင်းခြေလှမ်းများရပ်သွားသည်။

"ဂျောင်ဂု...ဒီနေ့ရာက ဆေးလိပ်သောက်တဲ့နေရာလား...?"

"ဘာဖြစ်လို့လဲ..."

"ငါက ဆေးလိပ်အနံ့ကိုမုန်းတယ်...ပြီးတော့ မင်းကငယ်ငယ်လေးရှိသေးတာကို ဘာလို့ဆေးလိပ်တွေ သောက်နေတာလဲ..."

"မကျေနပ်ဘူးလား..."

"အင်း ကျန်းမာရေး ထိခိုက်မယ်မသောက်နဲ့"

ထယ်ယောင်းပြောလိုက်တော့ ဂျောင်ဂုက ဆေးလိပ်အားပစ်ချကာ သူ့ရဲ့ဖိနပ်ဖြင့် ဖိနင်းချလိုက်သည်။

သူ့စကားနားထောင်လိုက်တဲ့ ဂျောင်ဂုကြောင့် ထယ်ယောင်းပြုံးမိသွားကာ ေဂျာင်ဂုအနားသွားကာ ဆံပင်ခပ်အုပ်အုပ်လေးကို ဖွကာ... ။

" ဒီလိုမျိုး လိမ်မာစမ်းပါ အဲ့လိုဆိုမင်းကချစ်ဖို့ကောင်းတယ်...ကဲ ကားထဲဝင်တော့..."

သူ့ဆံပင်အား ဖွသွားတဲ့ထယ်ယောင်း...။

ချစ်ဖို့ကောင်းအောင် ပြုံးနေတဲ့ထယ်ယောင်း...။

♡Marriage in rainy season♡(Completed )Where stories live. Discover now