☕20☕(Final )

2.3K 111 53
                                    

Unicode

ဟန်မြစ်ကိုရောက်တော့ ေနဝင်ခံနီးဖြစ်သောကြောင့် ၇ယောက်လုံးနေဝင်နေတာကို ကြည့်တဲ့သူက ကြည့် ဓာတ်ပုံရိုက်တဲ့သူကရိုက်ဖြင့် အလုပ်ရှုပ်နေကြသည်။

နေဝင်ပြီးချိန်တွင် ကောင်းကင်ပေါ်တွင် တဖောက်ဖောက်ဖြင့် လင်းလက်လာတဲ့ မီးရှူးမီးပန်းတွေကြောင့် ထယ်ယောင်းအကြည့်တွေ မီးရှူးမီးပန်းစီရောက်သွားရသည်။

စစချင်းတော့ အသဲပုံတွေကြယ်တွေသာ ပေါ်လညတဲ့ကောင်းကင်က သိပ်မကြာခင်မှာပဲ Kim Taehyung I Love you ဆိုတဲ့စာသားကြီးကြောင့် ထယ်ယောင်းမျက်လုံးလေးတွေဝိုင်းစက်သွားသည်။

ထယ်ယောင်းသူဘေးက ဂျောင်ဂုမရှိတော့တာကြောင့် လန့်သွားရကာ အ​နောက်လှည့်ကြည့်လိုက်တော့ နှင်းစီဖြူပန်းစီးကိုင်ထားတဲ့ ဂျောင်ဂုကထယ်ယောင်း အနောက်တွင်ပြောင်းရပ်နေသည်။

"ဂျောင်ဂု..."

" ထယ် ကျွန်တော်ထယ့်ကို ချစ်တယ် ထယ်သိပြီးသားဖြစ်မယ်ထင်ပါတယ်...ကျွန်တော့်ကိုအဖြေပေးနိုင်မလားထယ်..."

ထယ်ယောင်းသိပါသည် လက်ထပ်ပြီးထဲက အရင်ကအဆိုးအပေလေး ဂျောင်ဂုက လိမ်မာသွားကာ အရင်ကဆိုးခဲ့တဲ့ပုံရိပ်လေးတွေကိုပါ မေ့ပျောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

သူ့အားသိသိသာသာတစ်မျိုး မသိမသာတစ်မျိုးအမြဲလိုက်ဖက် လိုက်နမ်းနေတဲ့ ဂျောင်ဂုရဲ့စိတ်ကိုသတိထားမိပေမဲ့ ခုလိုဖွင့်ပြောတော့ ဝိုင်းကြည့်နေတဲ့လူတွေကြောင့် ထယ်ယောင်းပါးလေးနှစ်ဖက်ရဲနေသည်။

"ငါလဲ မင်းကိုချစ်တယ်မောင်..."

"ထယ်...ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာလဲ..."

"မောင်လို့ ခေါ်တာလေ မကြိုက်ဘူးလား..."

"မဟုတ်ပါဘူး အရမ်းကြိုက်လို့ပါဗျာ..."

ထိုနောက် ပန်းစီးအား ထယ်ယောင်းကိုပေးကာ ထပ်ပြီးဖောက်လာတဲ့ မီးရှူးမီးပန်းတွေထဲတွင် Taekook is realတွေပါပါလာကာ အရမ်းလှလွန်းတဲ့မီးပန်းတွေနဲ့မပြီးသေး LEDဖြင့် ဟန်မြစ်မားတစ်ဝိုက်တွင် ဂျောင်ဂုနဲ့ထယ်ယောင်းရဲ့ မဂ်လာဆောင်တုန်းက ပုံလေးတွေနဲ့ ဂျောင်ဂုထယ်ယောင်းအားခိုးရိုက်ထားတဲ့ပုံလေးတွေ ဟန်မြစ်နားတစ်ဝိုက်တွင် LEDဖြင့်ပေါ်လာတော့သည်။

♡Marriage in rainy season♡(Completed )Where stories live. Discover now