☕12☕

2K 145 74
                                    

Unicode

ကားထဲကနေဂျွန်ဂျောင်ဂုကို လှမ်းကြည့်မိလိုက်တော့ ဂျွန်ဂျောင်ဂုက ဒေါသထွက်နေတဲ့မျက်နှာဖြင့် နမ်ဂျွန့းကားအားကြည့်နေသည်။

ထယ်ယောင်းလဲ ထှေထှထေူးထူးမတှေးတော့ပဲ ကားမှန်ဘက်လှည့်လိုက်တော့ နမ်ဂျွန်းက ကားမောင်းထွက်ရန်လုပ်ရုံရှိသေး ကားမှန်အား ဘယ်ကမှန်းမသိတဲ့ သံဒုတ်ဖြင့် ရိုက်ခွဲလိုက်သော်ကြောင့် ထယ်ယောင်းလန့်ဖြန့်သွားရသည်။

အခုနမ်ဂျွန်းကားကို ဂျွန်ဂျောင်ဂုက ဖျက်စီးနေတာလား?

" ဂျွန်ဂျောင်ဂု! မင်းအခုဘာလုပ်လိုက်တာလဲ..."

"ခင်ဗျားကို ကြည့်မရလို့လုပ်တာလေ..."

"အဲ့ဒါဆို ငါနဲ့တိုက်ရိုက်ရှင်းလေ ဘာလို့နမ်ဂျွန်းကားကိုဖျက်စီးတာလဲ လူရမ်းကားရဲ့..."

"အဲ့ဒါ ကျုပ်သောက်ကြောင်းလေ..."

ထိုသို့ပြောပြီး ကားမောင်းထွက်သွားသော ဂျောင်ဂုကြောင့် ထယ်ယောင်းဒေါသထွက်ကာပင် ကျန်ခဲ့ရသည်။

နမ်ဂျွန်းဘက် လှည့်ကြည့်လိုက်တော့ နမ်ဂျွန်းကဘာမှမပြောပေမဲ့ ဒေါသထွက်နေဟန်ရှိသည်။

"ထယ်...မင်းကို ဒီလောက်အနိုင်ကျင့်နေတဲ့ သူနဲ့မှအန်ကယ်ကစေ့စပ်ပေးတယ်ပေါ့ ဘယ်လောက်တောင်ဆိုးသွမ်းနေတာလဲ..."

" တောင်းပန်ပါတယ် နမ်ဂျွန်း ဂျွန်ဂျောင်ဂုအစားငါကပဲတောင်းပန်ပါတယ် နမ်ဂျွန်းရယ်..."

" မလိုပါဘူး မင်းအမှားမှမရှိတာအားနာစရာလဲမလိုဘူး ငါတို့ကသူငယ်ချင်းတွေလေ..."

"စေ့စပ်ပွဲကလဲ လာတော့မယ် ငါမပျော်ဘူးနမ်ဂျွန်း..."

နမ်ဂျွန်းသည် သူ့အရှေ့က သူငယ်ချင်းလေးအား ဘယ်လိုနှစ်သိမ့်ပေးရမလဲမသိဖြစ်နေသည်။

"အဆင်ပြေသွားမှာပါ အဆင်ပြေသွားမှာမို့ ခနပဲသည်းခံလိုက်ပါ ထယ်..."

"အင်းအဆင်မပြေလဲ ပြေရမဲ့ တာဝန်ငါ့မှာရှိနေတာပဲ..."

ထိုနေ့က နမ်ဂျွန်းက ထယ်ယောင်းကို ကားမှန်အကွဲကြီးဖြင့် အိမ်ထိသေချာလိုက်ပို့ပေးလေသည်။
.

♡Marriage in rainy season♡(Completed )Where stories live. Discover now