☕7☕

2.3K 161 67
                                    

Unicode

လက်စွပ်ဆိုင်ရှေ့ရောက်တော့ ကားရပ်လိုက်ပြီး ဆိုင်ထဲဝင်လိုက်တော့ ဝန်ထမ်းတွေက သူတို့အားကြိုဆိုနေတာကြောင့် ထိုဆိုင်အား မာမီကသူတို့လာမှာကိုပြောထားပုံရသည်။

" လက်စွပ်ကို ဘယ်လိုပုံစံလေးပြပေးရမလဲရှင့်..."

"ရိုးရိုးရှင်းရှင်း စေ့စပ်လက်စွပ်လေးပြပေးနော်..."

ထယ်ယောင်းကသာ စေ့စပ်လက်စွပ်ရွေးနေသော်လည်း ဂျောင်ဂုကတော့မသိချင်ယောင်ဆောင်နေကာ မဟုတ်တရုတ်နဲ့ အချွန်တွေပါသောလက်စွပ်ကိုသာ ရွေးနေလေသည်။

ထယ်ယောင်းပြောရင်း ရန်ဖြစ်ရဉီးမှာမို့ အရိုးရှင်းဆုံးဖြစ်မဲ့ လက်စွပ်တွေကိုကြည့်နေရင်း ထယ်ယောင်းအကြိုက်ပုံစံ လက်စွပ်လေးကိုတွေ့လိုက်ရသည်။

" ဂျောင်ဂု ဒါလာဝတ်ကြည့်..."

ထယ်ယောင်းခေါ်လိုက်တော့ မျက်မှောင်ကျုတ်ကာ ထယ်ယောင်းနားရောက်လာသည်။

" သူ့ကိုအဲ့လက်စွပ်လေး ဝတ်ပေးလိုက်ပါ..."

ဝန်ထမ်းကောင်မလေးကို ထယ်ယောင်းပြောနေတုန်း ဂျောင်ဂုက ကြားဖြတ်ပြောလာသည်။

" ခင်ဗျားပဲဝတ်ပေး..."

သူ့ထက်အကြီးကို အသံမာမာနဲ့လာခိုင်းနေသောကြောင့် ထယ်ယောင်းမလုပ်ပေးချင်ပေမဲ့ ကိုယ့်ထက်အများကြီးငယ်တဲ့ကောင်လေးမို့ ကိုယ်ကပဲအလျှော့ပေးကာ... ဝတ်ပေးလိုက်သည်။

ထယ်ယောင်းရွေးထားတဲ့ လက်စွပ်ကဂျောင်ဂုနဲ့ကွက်တိပင်ဖြစ်သောကြောင့် ထယ်ယောင်းလဲနောက်တစ်ကွင်းဝတ်ကြည့်တော့ ထယ်ယောင်းနဲ့လဲတော်တာကြောင့်... ။

" ဒါလေးပဲထုပ်ပေးလိုက်ပါ...အဲ့ဒါလေးယူမယ်နော်..."

လက်စွပ်ဖိုးရှင်းဖို့ ထယ်ယောင်းပိုက်ဆံထုတ်တုန်းရှိသေး black card နဲ့ လက်စွပ်ဖိုးအားရှင်းပေးလိုက်သောဂျောင်ဂု... ။

" ရပါတယ် ငါရှင်းပေးပါရစေ..."

" ထားလိုက်..."

ထိုသို့ပြောပြီး လက်စွပ်အားမယူပဲအရှေ့ကထွက်သွားသောကြောင့် ထယ်ယောင်းအနောက်ကလိုက်ရတော့သည်။

♡Marriage in rainy season♡(Completed )Where stories live. Discover now