☕19☕

2.1K 134 33
                                    

Unicode

"ထယ်..."

ဂျောင်ဂုသူဘေးတွင် ကွေးကွေးလေး အိပ်နေတဲ့ ထယ်ယောင်းကိုလှမ်းနိုးလိုက်သော်လည်း မထသေးပါ...။

အင်း...အလုပ်ပိတ်ရက်မို့ထင်တယ်...။

အပေါ်စီးကနေ ထယ်ယောင်းမျက်နှာအား ကြည့်နေရင်း အကြည့်မခွာနိုင်တော့ပါ...ကင်မ်ထယ်ယောင်းက အရမ်းလှတယ်...အနီးကပ်​ကြည့်
လဲလှတယ် အဝေးကကြည့်လဲလှတယ်...။

ဘယ်လိုကြည့်ကြည့်ကိုလှတာ...ထယ်ယောင်းနဲ့သူ လက်ထပ်ထားတာ ၆လရှိပြီဖြစ်သည်။

ဒီအတောအတွင်း သူတို့အခြေအနေလဲ တိုးတက်လာသလိုရှိကာ အခေါ်အဝေါ်ပြောင်းဖို့ကို ဂျောင်ဂု...ထယ်ယောင်းအား ပြောပေမဲ့မပြောင်းသေးပါ ဂျွန်ဂျောင်ဂုဟုသာခေါ်နေသည်။

ထယ့်ကိုချစ်ခွင့်ပန်ဖို့ ဂျောင်ဂုဒီရက်ပိုင်းပြင်ဆင်နေတာနဲ့မအားဖစ်နေသည်။

လက်ထပ်ပြီးပြီဖြစ်သော်လည်း ထယ့်ကိုချစ်နေကြောင်းကိုပြောချင်သေးသောကြောင့် ဖြစ်သည်။

ဘေးကအိပ်နေတဲ့ ထယ်ယောင်းက မထသေးသောကြာင့် သူ့အားကျောပေးအိပ်နေတဲ့ ထယ်ယောင်းအားမျက်နှာချင်းဆိုင်သို့ လှည့်လိုက်ကာ ထယ်ယောင်း ပါးအားနမ်းလိုက်သည်။

ထိုတော့မှ ဂျောင်ဂုကိုတွန်းဖယ်ကာ ရေချိုးခန်းထဲသို့ဝင်သွားသည်။

ချစ်ဖို့ကောင်းလိုက်တာ ကင်မ်ထယ်ယောင်းက...။

ဂျောင်ဂုလဲ Uniပိတ်တာမို့ ကင်မ်ထယ်ယောင်းကို ဖွင့်ပြောမဲ့ အစီအစဉ်ကို ဒီနေ့ပဲလုပ်မှာဖြစ်သည်။

ဟိုငါးယောက်ကို အကူအညီတောင်းပြီးပြီမို့ ထယ်ယောင်းအား ခေါ်သွားဖို့သာကျန်သည်။

ရေချိုးပြီး ထယ်ယောင်းထွက်လာတော့ ဂျောင်ဂုထယ်ယောင်းအတွက် အဝတ်ထုတ်ပေးထားသည်။

နှစ်ယောက်ဆင်တူဝတ်ချင်၍ ဖြစ်သည်။

Couple အကျီနဲ့ ဘောင်းဘီကလဲတူတူပဲဖြစ်သော်လည်း ထယ်ယောင်းကအညိုရောင် ဂျောင်ဂုက အမဲရောင်ဖြစ်သည်။

ေရချိုးပြီးတော့ ထယ်ယောင်းထွက်လာတော့...။

ဂျောင်ဂု ထယ်ယောင်းနားသွားကာ...။

♡Marriage in rainy season♡(Completed )Where stories live. Discover now