☕13☕

1.3K 116 25
                                    

Unicode

စေ့စပ်ပွဲကမပြီးသေးတာကြောင့် သူတို့ဝိုင်းက သာမန်ထက်ဆူညံနေလေသည်။

"သားတို့ ဓာတ်ပုံရိုက်ရမယ်လေ ကဲလာစမ်းပါ...ကလေးတို့ သူတို့ကိုခနခေါ်သွားမယ်နော် ပြီးရင်သားတို့တူတူစုရိုက်ကျနော် အမှတ်တရအဖြစ်..."

ဂျောင်ဂုအမေက ထယ်ယောင်းနဲ့ဂျောင်ဂုအား စုံတွဲဓာတ်ပုံရိုက်ရန်လာခေါ်သောကြောင့် ဂျောင်ဂုအမေနောက် သူတို့လိုက်လာရသည်။

ဓာတ်ပုံဆရာမှ...။

" ကောင်လေးတို့ တောင့်​တောင့်ကြီး ရပ်မနေပဲ... တစ်ယောက်က ပခုံးခေါင်းမှီချပြီး လက်တွေကိုင်ထားကျပါ..."

တောင့်တောင့်ကြီးရပ်နေတဲ့ သူတို့နှစ်ယောက်ကို
ဖေဖေ့သူငယ်ချင်းဖြစ်သူ ဓာတ်ပုံစရာကပိုစ့်ပေးနည်းတွေပြောပြနေသည်။

ထယ်ယောင်း ဂျောင်ဂုကိုလှမ်းကြည့်လိုက်တော့ မျက်နှာကျောတင်းနေသည်ဟု ထယ်ယောင်းကပင် အကြီးတစ်ယောက်ဖြစ်သောကြောင့် အလျော့ပေးကာ ဂျောင်ဂုပခုံးပေါ်မှီချလိုက်သည်။

ဓာတ်ပုံဆရာပြောတဲ့ အနေအထားအတိုင်းရိုက်ပြီးတော့ ဓာတ်ပုံစရာမှ နောက်ထပ်ပိုစ့်တစ်ခုပြောလာသည်။

ထိုပိုစ့်က သူ့မျက်နှာနဲ့ ဂျောင်ဂုမျက်နှာကို ကပ်ခိုင်းထားတာ နှာခေါင်းနှစ်ခုပင်ထိလုနီးပါးဖြစ်ကာ လက်စွပ်ဝတ့ထားတဲ့ဘယ်ဘက်လက်အားထိုင်ပြထားခိုင်းသည်။

ဓာတ်ပုံဆရာပြောတဲ့ အတုိင်းလုပ်နေရတဲ့နှစ်ယောက်မှာ ရုပ်လေးတွေကစူပုပ်ပုပ် ...။

"သားတို့ပြုံးကျလေ..."

နှစ်ယောက်သား အကြည့်ချင်းစုံစေကာ ပြုံးလိုက်သည်။

အမြန်ပြီးလဲအေးတာပဲလေ...။

မျက်စိရှေ့ကသူ့အားပြုံးကာ ကြည့်နေတဲ့ ထယ်ယောင်းရဲ့ မျက်ဝန်းညိုနဲ့လေးထောင့်ဆန်ဆန်အပြုံးလေးကြောင့် ဂျောင်ဂု ရင်ခုန်ချင်သလိုဖြစ်သွားရသည်။

ဒီပုံပြီးရင် ပြီးပြီလို့ထင်ထားပေမဲ့ နှစ်ပုံရိုက်ဖို့ကျန်သေးတယ်ဟုပြောကာ နောက်ပိုစ့်ပေးနည်းပြောပြပြန်သည်။

♡Marriage in rainy season♡(Completed )Where stories live. Discover now