☕8☕

1.4K 117 61
                                    

Unicode

ထယ်ယောင်းမနေ့က တစ်မှတ်တိုင်လောက်မိုးရေထဲလျှောက်ခဲ့ရကာ ပြန်ရောက်တော့လဲ အဝတ်စိုစိုနဲ့အိပ်မိသောကြောင့် ဖျားနေလေပြီ။

ခေါင်းကိုက်လွန်းတာကြောင့် ခေါင်းတောင်မထူနိုင်ဘူးဖြစ်နေပေမဲ့ ရေဆာလာသောကြောင့် ရေဆင်းသောက်ရင်း လှေကားအဆင်းတွင် ေခါင်းကတစ်ရိပ်ရိပ်မူးတက်လာကာ လှေကားထစ်ကိုခြေချော်ပြီး ပြုတ်ကျတော့သည်။

ပြုတ်ကျတဲ့အရှိန်ကြောင့်ရော ဖျားနေတဲ့အရှိန်ပါရောကာ ထယ်ယောင်းသတိမေ့သွားတော့သည်။

"မင်ဂူး...မင်ဂူးရေလာပါအုံး အန်တီသားလေး မေ့လဲသွားလို့..."

အန်တီစကားကြောင့် မင်ဂူးကအခန်းထဲမှ အပြေးအလွှားထွက်လာတော့သည်။

သူကမယားပါသားပေမဲ့ အန်တီက မင်ဂူးကိုဘာမှမပြောပဲ အိမ်ထဲတွင်နေခွင့်ပေးသည်။

မင်ဂူးအမေက သက်သက်နေကာ မင်ဂူးကတော့ အဖေနဲ့အန်တီကြောင့် ဒီအိမ်ထဲတွင်နေခွင့်ရခြင်းဖြစ်သည်။

မင်ဂူးလဲ လှေကားအရှေ့တွင် လဲကျနေတဲ့ထယ်ယောင်းကို ပွေ့ချီလိုက်ပြီး ထယ်ယောင်းအခန်းထဲခေါ်သွားကာ ကုတင်ပေါ်ချပေးလိုက်သည်။

အန်တီကတော့ ဆရာဝန်အားဖုန်းဆက်နေသည်။

မကြာခင်မှာပဲ ဆရာဝန်ရောက်လာပြီး ဆေးတစ်လုံးထိုးပေးကာ သောက်ဆေးများပေးသွားကာ...ပြန်သွားလေသည်။

"မနေ့က ထယ့်ကိုကျွန်တော်မိုးရေတွေစိုရွှဲပြီးပြန်လာတာတွေ့လိုက်တယ် ကျွန်တော်မေးပေမဲ့ မဖြေဘူးလေ..."

"ဟုတ်လား မနေ့က ဂျောင်ဂုလေးနဲ့သွားတွေ့တာမလား..."

"ကျွန်တော်လဲမသိပါဘူး အန်တီ..."

"ဟုတ်ပြီ ကျေးဇူးပါနော် ထယ်ယောင်းလေးကို အခန်းထဲထိပို့ပေးလို့ ပြီးတော့ သားအမေနဲ့သွားတွေ့ချင်သွားတွေ့လေ..."

"အာ...ရပါတယ် ကျွန်တော်မနေ့ကပဲတွေ့ပြီးပြီ..."

မင်ဂူးအမေက ထယ်ယောင်းအဖေရဲ့ မယားငယ်ဖြစ်ကာ ထယ်ယောင်းအဖေအား မကောင်းတဲ့နည်းလမ်းဖစ်တဲ့ ဆေးခတ်ကာ အရယူခဲ့ပေမဲ့ မင်ဂူးကထယ်ယောင်းအဖေရဲ့ သားမဟုတ်တာတောင် မင်ဂူးအားစံအိမ်ကြီးမှာနေခိုင်းသလို အမေ့ကိုလဲအိမ်တစ်လုံးဝယ်ပေးကာနေစေသည်။

♡Marriage in rainy season♡(Completed )Where stories live. Discover now