☕4☕

2.3K 154 46
                                    

Unicode

"အချစ်လေး လေဆိပ်ကမင်းကိုသိတယ်ပြောတဲ့ ကောင်လေးက ဘယ်သူလဲ..."

"နမ်ဂျွန်း အခေါ်အဝေါ်ပြောင်းစမ်းပါ သူများကြားရင်တစ်မျိုးထင်နေပါအုံးမယ်..."

"ငါမေးတာအရင်ဖြေလေ ထယ်ယောင်းရဲ့..."

ထိုတော့မှ ဆူပုတ်ပုတ်ရုပ်နဲ့ ထယ်ယောင်းကပြောပြတော့သည်။

"ငါနဲ့လက်ထပ်ရမဲ့သူ..."

"ဘာ!..ယော်ကျားလေးနဲ့လား..."

"အင်းဟုတ်တယ်..."

"ဘယ်လိုဖစ်တာလဲ..."

"ဖေဖေပေါ့ သူ့လုပ်ငန်းအတွက် ငါ့ကိုအတင်းထိုးကျွေးတာလေ..."

"အန်ကယ်က မင်းကိုအကြပ်ကိုင်တာလား..."

"အင်းဟုတ်တယ် ပြီးတော့ မင်ဂူးက ဂျောင်ဂုကိုမယူရင် သူ့ကိုယူရမယ်တဲ့ အဲ့ဒါငါ မင်းကိုယူမဲ့အစား ဂျောင်ဂုကိုပဲယူမယ်ပြောလိုက်တယ်...ဂျောင်ဂုက Mr's jeon ရဲ့သားလေ..."

ခုနလေဆိပ်မှာကျ တည်ငြိမ်တဲ့ပုံစံဖမ်းနေတဲ့ ထယ်ယောင်းက နမ်ဂျွန်းအားနှုတ်ခမ်းတချွန်ချွန်ဖြင့် ဖြစ်ကြောင်းကုန်စင်အားပြောပြနေသည်။

ထယ်ယောင်းက အဲ့လိုပဲမသိတဲ့သူဆို ချေလေ့ရှိပြီး သိတဲ့သူနဲ့ဆို ကလေးလေးလိုပဲ အကုန်တိုင်ပြောတက်သည်။

"အဲ့ဒါကြောင့်ပေါ့ jeon group ကသားမို့ ပေါ့...ဒါပေမဲ့ jeon group ရဲ့သားကရော မင်းကိုလက်ထပ်မယ်တဲ့လား..."

"သေချာပေါက် ငြင်းတာပေါ့..."

"ငါ့တို့ထယ်ယောင်းကိုများ သူကငြင်းတယ်ပေါ့ မျက်လုံးချို့ယွင်းနေတာပဲနေမှာ..."

နမ်ဂျွန်းအပြောကြောင့် ထယ်ယောင်း အသဲထွက်အောင်ထိ ရီမိသွားသည်။

"haha...နမ်ဂျွန်းက မြှောက်နေပြန်ပါပြီ... "

"ဟာတကယ်ပါဆိုကွာ..."

နမ်ဂျွန်းနဲ့စကားပြောရင်း အချိန်က ကုန်မှန်းမသိကုန်သွားသည်။

ပြန်ခံနီးကျ နမ်ဂျွန်းက အလုပ်ကိစ္စ ဖေဖေနဲ့ ဆွေးနွေးစရာရှိလို့ဆိုသောကြောင့် နမ်ဂျွန်းအား ထယ်ယောင်းကားနဲ့သာ အိမ်သို့တစ်ခါထဲခေါ်လာလိုက်သည်။

♡Marriage in rainy season♡(Completed )Where stories live. Discover now