☕14☕

1.3K 114 87
                                    

Unicode

ဒီနေ့က ထယ်ယောင်းနဲ့ ဂျောင်ဂုရဲ့လက်ထပ်ပွဲနေ့ဖြစ်သည်။

စေ့စပ်ပြီး နှစ်ရက်အကြာတွင် ရုတ်တရက်ကြီး မဂ်လာပွဲလုပ်ရမယ်ဆိုတဲ့ အမိန့်ကြောင့် မငြင်းနိုင်တော့ပဲ လက်ထပ်ဖို့ခေါင်းငြိမ့်ခဲ့တာခုဆို မဂ်လာပွဲထဲရောက်နေပြီဖြစ်သည်။

မဂ်လာပွဲကို ကိုရီးယားမှာပဲ လုပ်ရန်သဘောတူထားသဖြင့် ဂျောင်ဂုတို့ပိုင်တဲ့ အကြီးဆုံး Hotelတွင် ပြုလုပ်သည်။

Hotelက ကြီးလွန်း၍ ထယ်ယောင်းပါးစပ်အဟောင်းသားပင် ဖြစ်သွားရသည်။

ထုံးစံအတိုင်း Hotel အမြင့်အပေါ်ဆုံးထပ်ကနေအောက်ဆုံးထပ်ထိ ထယ်ယောင်းနဲ့ဂျောင်ဂု စေ့စပ်ပွဲတုန်းက နှာဖျားလေးတွေထိကပ်ကာရိုက်ထားတဲ့ပုံကြီးချိတ်ထားသဖြင့် ထယ်ယောင်းပင် မျက်နှာပူသွားသလိုခံစားလိုက်ရသည်။

ဂျောင်ဂုတို့ဘက်က ဝတ်စုံကိုအထူးချုပ်​ပေးထားသည်။

ဝတ်စုံအဖြူကို ရင်ဘက်နားလေးတွင် စိန်အစစ်တွေတွဲလောင်းချပေးထားသာ်။

ဘောင်းဘီကိုလဲ အောက်ခြေတွင်အခွဲလေးလုပ်ပေးထားပြီး ထိုအခွဲတွင် စိန်ကြိုးလေးတွေတွဲလောင်းချထားပြန်သည်။

ထယ်ယောင်းက တစ်ကိုယ်လုံးအဖြူလေးဖြင့် ဆံပင်အညိုလေးနဲ့ မျက်နှာတွင်အနည်းငယ်တင်ထားတဲ့ မိတ်ကပ်လေးတွေက ထယ်ယောင်းရဲ့ရှိရင်စစွဲအလှကိုပိုတိုးစေကာ မြင်သူတိုင်းအကြည့်မလွှဲနိုင်အောင်နိုင်ထယ်ယောင်းက လှနေသည်။

ဂျောင်ဂုကတော့ ထယ်ယောင်းနဲ့ ဝတ်စုံဆင်တူကိုမှ အမဲရောင်နဲ့အဖြူရောင်သာကွာပြီး စိန်ကြိုးစီထားတဲ့နေရာသာကွာသည်။

မဂ်လာပွဲစတော့မှာမို့ မိတ်ကပ်လိမ်းတဲ့ အခန်းထဲထိုင်နေတဲ့ ထယ်ယောင်းကို ဖေဖေကလာခေါ်သောကြောင့် ဖေဖေလက်မောင်းကိုကိုင်ကာ နှင်းဆီဖြူတွေကြဲထားတဲ့ လျှောက်လမ်း
တစ်လျှောက်လျှောက်လာလိုက်သည်။

ဂျောင်ဂု ဘုန်းတော်ကြီးရှေ့မှာ ရပ်နေတုန်း အဖြူရောင်လျှောက်လမ်းတစ်လျှောက် အဖြူရောင်ပုံရိပ်လေးကြောင့် ပြုံးလိုက်မိသည်။

♡Marriage in rainy season♡(Completed )Where stories live. Discover now