☕16☕

1.4K 112 65
                                    

Unicode

မနက်ရောက်တော့ သူဘေးမှာပဲ ပါးစပ်ဟကိုအိပ်နေသော ဂျောင်ဂုကိုလျစ်လျူရှုကာ အလုပ်သွားရန်ထမလို့လုပ်တော့ မနေ့ကချော်ကျထားတဲ့ အရှိန်ကြောင့် ခါးနာတာ ထတောင်မထနိုင်ပါ...။

ခါးအနောက်က တော်တော်ထိသွားတာဖြစ်နိုင်တာကြောင့် ကုတင်အရှေ့က ကိုယ်လုံးပေါ်မှန်နား
ခါးတစ်ကိုင်ကိုင်ဖြင့် ရအောင်သွားကာ အဖြူရောင်ညအိပ်ဝတ်စုံအားမကာ ခါးနာကိုကြည့်လိုက်တော့ ညိုမဲစွဲနေသော ခါးကြောင့်ဆရာဝန်နဲ့သွားပြရတော့မည်ဖြစ်သည်။

မှန်ထဲကနေတဆင့် သူ့အားကြည့်နေသော ဂျောင်ဂုကြောင့် ရင်တုန်သွားသည်။

" ခင်ဗျား ခါးကအခြေအနေဆိုးနေတာပဲ ကျုပ်တောင်ဘာမှမလုပ်ရသေးဘူးလေ..."

" မင်းဘာစကားပြောတာလဲ..."

" ကျုပ်ပြောမဲ့ စကား ခင်ဗျားကြားချင်မယ်မထင်ပါဘူး...ကျုပ်သွားတိုက်ဆေးနဲ့ ရေဇလုံယူပေးမှာမို့ ကုတင်ခြေရင်းနာမှာထိုင်နေ..."

အနှောင်အသွားမလွှတ်တဲ့ စကားတွေ​ပြောသွားသော်လည်း ကိုယ်တိုင်ကလဲခါးနာနေတာကြောင့် လမ်းလျှောက်ရအဆင်မပြေတာမို့ သူ့စကားကိုအထွန့်မတက်တော့ပဲ ထိုင်နေလိုက်သည်။

ရေဇလုံနဲ့သွားတိုက်ဆေးယူလာပေးပြီး သွားနိုက်စေကာ မျက်နှာသစ်ဆေးပါ ယူလာပေးသောကြောင့် ထယ်ယောင်းထစရာပင်မလိုပဲ အကုန်လုပ်ပေးသည်။

အင်း...ဒီလိုကျ ဒီကောင်လေးသဘောကောင်းသားပဲ...။

"ကျေးဇူးပါဂျောင်ဂု..."

"ရတယ်...ဒါနဲ့ ခင်ဗျားအလုပ်မသွားနဲ့တော့... "

ေဂျာင်ဂုပြောတာလဲ မှန်ပါသည်။

ခါးနာနေတာဘယ်လိုမှ ရုံးသွားလို့ရမည်မဟုတ်ပါ...။

ထိုအချိန် ဂျန်ဆောင်းဟိုစီမှ ဖုန်းဆက်လာကာ အနားပေးတဲ့အနေဖြင့် တစ်ပတ်ရုံးမတက်ခိုင်းထားဘူးဟုပြောသည်။

"ဆောင်းဟို တစ်ယောက်ထဲ ဖြစ်ရဲ့လား..."

"ငါ့နေရာ မင်ဂူးတစ်ပတ်ကူညီပေးမယ်ပေါ့...အိုခေရတယ် မင်ဂူးကငါနဲ့အဆင်ပြေသွားပြီ..."

♡Marriage in rainy season♡(Completed )Where stories live. Discover now