☕5☕

2.2K 145 43
                                    

Unicode

ထယ်ယောင်း အလုပ်ကပြန်လာတော့ အပေါ်ထပ်က သူ့အခန်းကိုဝင်မလိုပဲရှိသေး အောက်ကလှမ်းခေါ်သောဖေဖေကြောင့် အောက်ပြန်ဆင်းလာရသည်။

"ငါ့အခန်းထဲလိုက်ခဲ့ ထယ်ယောင်း..."

" ကျွန်တော်အဝတ်အစားလဲပြီးရင် လာခဲ့ပါ့မယ်..."

ထယ်ယောင်းအပြောကို ဖေဖေက ခေါင်းညိမ့်ကာလက်ခံသောကြောင့် ထယ်ယောင်းအပေါ်ပြန်တက်လာပြီး အဝတ်အစားတွေချွတ်ကာ ရေချိုးခန်းထဲဝင်ကာ ရေမိုးချိုးလိုက်ပြီး ညအိပ်အသားရောင် ပိုသားသတ်စုံအားဝတ်ကာ ဖေဖေအခန်းတံခါးအားခေါက်လိုက်သည်။

ဒေါက်...ဒေါက်...။

ဖေဖေအခန်းတံခါးကိုခေါက်လိုက်တော့ ပြန်ထူးသံမကြားတာကြောင့် တံခါးဆွဲဖွင့်လိုက်တော့အခန်းထဲမှာ ဘယ်သူ့မှမရှိတာကြောင့် စာကြည့်ခန်းထဲတွင်ရှိလောက်မည်ဟု ထယ်ယောင်းတွေးကာ အပေါ်ထပ်သိထု့က်တက်ရပြန်သည်။

ဒီနေ့ပဲ ထယ်ယောင်းအပေါ် တက်လိုက်အောက်ဆင်းလိုက်လုပ်နေရသဖြင့် ဒူးတောင်နာချင်နေပြီဖြစ်သည်။

စာကြည့်ခန်းအရှေ့ရောက်တော့ ထုံးစံတိုင်းတံခါးခေါက်လိုက်တော့ ဖေဖေကတံခါးလာဖွင့်ပေးသည်။

စာကြည့်ခန်းထဲတွင် ဖေဖေတစ်ယောက်ထဲမဟုတ်ပဲ ဂျွန်မိသားစုပါ ရောက်နေတာကြောင့် ထယ်ယောင်းလန့်သွားရသည်။

ဘယ်နှယ့် ဂျွန်မိသားစုက အိမ်မရှိတဲ့အတိုင်းပဲ ရက်ခြားကိုထယ်ယောင်းတို့စီပဲလာနေတာလေ...။

ထယ်ယောင်းလဲ ကိုယ်ရှိန်သက်လိုက်ပြီး နှုတ်ဆက်လိုက်သည်။

နှုတ်ဆက်ပြီးတော့ ထိုင်စရာခုံက ဂျွန်ဂျောင်ဂုဘေးမှာပဲရှိတာမို့ ဂျွန်ဂျောင်ဂုဘေးတွင်သာ ဝင်ထိုင်လိုက်ရသည်။

ထယ်ယောင်းအား အခုနထဲက စိုက်ကြည့်နေသော ဂျွန်ဂျောင်ဂုကြောင့် ထယ်ယောင်းရှက်မိပါသည်။

ဒီနေ့မှ ဖေဖေကစကားပြောဖို့ခေါ်တယ်ထင်လို့ အသားရောင်ပိုးသားညအိပ်ဝတ်စုံကြီးနဲ့ ဖြစ်နေသောကြောင့်ပင်...။

"ထယ်ယောင်းက အိပ်တော့ဖို့လား..."

" မဟုတ်ဘူးဗျ ကျွန်တော် ဒီတိုင်းအိပ်မှာဆို ပေါ့ပေါ့ပါးပါးပဲဝတ်နေကျမို့ပါ..."

♡Marriage in rainy season♡(Completed )Where stories live. Discover now